Wednesday, May 23, 2012

အာဆီယံနိုင်ငံ ရဲချုပ်အကြီးအကဲများ
မြန်မာနိုင်ငံအခြေအနေများ လေ့လာဆွေးနွေး

နေပြည်တော်  မေ  ၂၂

          ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အား ယနေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်၌ ကျင်းပနေသည့် (၃၂) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ ရဲချုပ်များ အစည်းအဝေး  သို့ တက်ရောက်လာသော အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက် နိုင်ငံများ၏ ရဲအဖွဲ့ အကြီး
အကဲများ၊ Interpol ရဲအဖွဲ့  အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ် အဖွဲ့ များက လာရောက် ဂါရဝပြုတွေ့ 
ဆုံရာ နိုင်ငံတော်သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံသည်။

          ထိုသို့ လက်ခံတွေ့ ဆုံရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်အတူ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ ရဲချုပ်ကျော်ကျော်ထွန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့ တက်ရောက်ကြပြီး အာဆီယံနိုင်ငံ ရဲချုပ်များနှင့် ဆွေးနွေးဘက်နိုင်ငံများ၏ ရဲအဖွဲ့ အကြီးအကဲများ အဖွဲ့ တို့  တက်ရောက် ကြသည်။

(သတင်းစဉ် )