သန်လျှင်NLDလူငယ်များ စီစဉ်သော သင်္ကြန်မဏ္ဍပ် သို့ ကိုမင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားလူ
ငယ်များ ပါဝင်သောသံချပ်အဖွဲ့ ကား ၀င်ရောက်ရပ်နားချိန်တွင် လူ၁၅ ယောက်ခန့် ပါသော လူအုပ်တစု
မှ အကြောင်းမဲ့ဝင်ရောက် ရိုက်နှက်မှု တခု ဧပြီလ ၁၅ ရက်နေ့ (သင်္ကြန်အကြတ်နေ့ )ညနေ ၆နာရီ၅ မိနစ်ခန့် က ဖြစ်ပွားခဲ့ပါတယ်။ ရိုက်နှက်မှုဖြစ်ဖြစ်ချင်း ကိုမင်းကိုနိုင်ပါဝင်သော ကားကို အမြန်မောင်း ရန် ပြောကြားနိုင်ခဲ့မှုကြောင့် သံချပ်အဖွဲ့ ဝင်များ တစုံတရာထိခိုက်မှု မရှိခဲ့သော်လည်း ကျန်ရှိနေခဲ့သော
ဒေသခံ သန်လျှင် NLD အဖွဲ့ ဝင် လူငယ်၅ ဦးထက် မနည်းမှာ တုတ်များ၊အုတ်နီခဲများဖြင့် ထုနှက်ခံရမှုကြောင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိပါတယ်
