Sunday, October 30, 2011

ဗေဒါ စာကြည့်တိုက်ဖွင့်ပွဲနှင့်သင်တန်းဆင်းပွဲ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည်။

 ဗေဒါ စာကြည့်တိုက်ဖွင့်ပွဲနှင့်သင်တန်းဆင်းပွဲ ဖိတ်ကြားစာ

ဒီမိုကရေစီမြတ်နိုးသူအားလုံးသို့ 

31.10.2011 တနင်္လာနေ့ နံနက် (၁၀း၀၀) မှ (၁၂း၀၀) တွင် Bayda စာဖတ်ခန်းဖွင့်ပွဲ အခမ်းအနား
နှင့် နိုင်ငံရေးသိပ္ပံ တစ်လခွဲ သင်တန်းအပါတ်စဉ် (၈) သင်တန်းဆင်းပွဲ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ
ဖွဲ့စည်းခြင်းသင်တန်း အပါတ်စဉ် (၃) သင်တန်းဆင်းပွဲကိုဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်
ချီးမြှင့်မည်ဖြစ်ပါသဖြင့်ဒီမိုကရေစီ ချစ်မြတ်နိုးသူအားလုံးတက်ရောက် အားပေးကြပါရန် လေးစားစွာ
ဖိတ်ကြားအပ်ပါသည်။

အချိန်။ နံနက် (၁၀း၀၀) မှ နေ့လည် (၁၂း၀၀) ထိ။
နေ့စွဲ။ 31.10.2011 (တနင်္လာနေ့)
နေရာ။ Bayda Institute ၊အမှတ် (၄၅၃)၊ သုမနလမ်း၊ ၁၆/၃ ရပ်ကွက်၊
သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
လမ်းညွှန်။ ၂၃၇ အထူး၊ ၃၁ အစိမ်း၊ ၃၉ အ၀ါ၊ ၄၁ အစိမ်း၊ ၁၀၇ အနီ ဟိုင်းလပ်၊
ကားများစီးပြီး ကုလားဘုရားမှတ်တိုင်ဆင်းပါရန်။