Tuesday, September 6, 2011

ဦးစိန်ကျော်လှိုင် ရန်ကုန်တွင် အဖမ်းခံရကြောင်းသတင်းများ ထွက်ပေါ်နေ

မြန်မာသတင်းသမားတဦးဖြစ်သူ ဦးစိန်ကျော်လှိုင်သည် ရန်ကုန်မြို့ သို့  ၂၀၁၁ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့ ကမြန်မာနိုင်ငံသို့ ပြန်သွားခဲ့ရာ မြန်မာအာဏာပိုင်များက ရန်ကုန် မင်္ဂလာဒုံလေဆိတ်တွင် ဖမ်းဆီးခံခဲ့ပြီး အောင်သပြေ စစ်ကြောရေးခခန်းသို့  ပိုဆောင်စစ်ဆေးနေကြာင်း သတင်းများရရှိသည်။
ဦးစိန်ကျော်လှိုင်သည်  အမေရီကန် ၀ါရှင်တန်ဒီစီအခြေစိုက် လွတ်လပ်သောအာရှအသံ အယ်ဒီတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်သလို ထိုင်းနိုငံ ဘန်ကောက်အခြေစိုက် ခေတ်ပြိုင်သတင်းဌာနတွင် အယ်ဒီတာ တဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါသည်။
ဦးစိန်ကျော်လှိုင်သည် မြန်မာအာဏာပိုင်များက ပြည်ပတွင်နေထိုင်သူ
များအား ပြည်တွင်းသို့ ပြန်လာ
 နိုင်ကြောင်းသတင်းထုတ်ပြန်ချက်နဲ့  ဆက်နွယ်ပြီး မြန်မာပြည်သို့ ပြန်သွားခဲ့သူဖြစ်ပါသည်။ အစိုးရသစ်၏ ဖိတ်ခေါ်ချက်အရ ပြည်ပအတိုက်အခံအချို့  မြန်မာနိုင်ငံသို့ ပြန်သွား
ကြောင်းသိရှိရပါသည်။ပြန်ဖို့ ပြင်ဆင်
နေတဲ့ အတိုက်အခံများ ပြန်သွားသူများ အလုပ်လုပ်ကိုင်နေသည်ဟု သတင်းရရှိပါသည်။
ထိုသတင်းများ ပြန်နှံနေချိန် ဦးကျော်စိန်လှိုင်း ဖမ်းဆီးခံရသည့်သတင်း ထွက်ပေါ်လာခြင်းဖြစ်ပါသည်။
မြန်မာသမတ ဦးသိန်းစိန်နဲ့  ဒေါ်အောင်ဆန်းစုကြည်တို့  ၁၉ ရက်နေ့ က တွေ့ ဆုံခဲ့တဲ့သတင်း။ ကျပ်ပြေး နေပြည်တော်တွင် ကျင်းပသည့် စီးပွားရေးဆွေးနွေးပွဲတွင် မြန်မာ့ရန်ပုံငွေအဖွဲ့  ဒါရိုက်တာအဖြစ်
ဆောင်ရွက်ခဲ့ပြီး ဗဟိုအဖွဲ့ တည်ထောင်သူဖြစ်သည့် ဒေါက်တာဇော်ဦး စာတမ်းဖတ်သည့်သတင်း ထွက်ပေါ် ခဲ့ပြီးနောက် ပြည်ပရောက် မြန်မာအတိုက်အခံများ ပြည်တော်ပြန်ရန်ပြင်ဆင်နေကြသည်ကို နေရာအနှံပြန်နှံ
နေသည်။
ဦးစိန်ကျော်လှိုင်သည် မြန်မာအာဏာပိုင်များ၏ ပြည်တော်ပြန်ထုတ်ပြန်ချက်နဲ့  ဆက်နွယ်ပြီး မြန်မာပြည်ကို 
ပြန်သွားတာဖြစ်ကြောင်း အဖမ်းခံရတဲ့အကြောင်းအရင်းကိုတော့ မသိရှိရသေးကြောင်း။ အဖမ်းခံရတာတော့
သေခြာသလောက်ဖြစ်ကြောင်း ပြည်တွင်းသတင်းများအရသိရှိရသည်။
ယနေ့ မြန်မာတွင်ဖေါ်ပြထားသည်။