Wednesday, September 21, 2011

နိုင်ငံတော်လျှို့ဝှက်သတင်းများကို ကြိုတင်သိရှိနေကြသူများ

ယခင်ဗိုလ်ချုပ်ကြီးသူရရွှေမန်း၊ယခုပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း၏သားဖြစ်သူ
ဦးအောင်သက် မန်းပိုင်ဆိုင်သော(RED LINK) အင်တာနက်ဆက်သွယ်ရေးကုမ္ပဏီသည်အောက်တိုဘာလ(၁၅)ရက်နေ့မှစတင်ပြီးအင်တာနက်လိုင်းငှားရမ်းသုံးစွဲခကိုFECဖြင့်ပေးဆောင်ခြင်း
ကိုလုံးဝလက်မခံတော့ကြောင်းသိရှိရပါသည်။

ပြည်သူ့လွှတ်တော်တွင်နိုင်ငံခြားငွေကြေးကိစ္စနှင့်ပတ်သက်သည့်အဆိုကိုတင်သွင်းဆွေးနွေးခဲ့ပြီး
နောက်FECကိုဒေါ်လာငွေနှင့်အစားထိုးလဲလှယ်ပေးမည်ဟုပြောကြားခဲ့ပြီးသည့်နောက်ပိုင်းတွင်ယခုကဲ့သို့FECငွေကို ကုမ္ပဏီအများစုမှလက်ခံခြင်းမရှိတော့ပေ။RED LINK အင်တာနက်လိုင်းကိုစတင်သုံးစွဲခြင်းပြုရာတွင်FEC 
1500 စတင်ပေးသွင်းခဲ့ရပြီးလစဉ်အင်တာနက်သုံးစွဲခမှာFEC 45 ဖြစ်သည်။ယခင်လစဉ်အင်တာနက်
သုံးစွဲခကိုပေးသွင်းရာတွင်FECဖြင့်သာပေးသွင်းခဲ့ရပြီး၊သို့ရာတွင်FECငွေကြေးကိစ္စအားပြည်
သူ့လွှတ်တော်တွင်ထည့်သွင်းဆွေးနွေးခြင်းသာဖြစ်သည်။

ငွေကြေးဆိုင်ရာအပြောင်းအလဲအမိန့်ကိုနိုင်ငံတော်မှထုတ်ပြန်ကြေငြာခြင်းလုံးဝမရှိသေးဘဲ၊
ပြည်သူ့လွှတ်တော်ဥက္ကသူရဦးရွှေမန်း၏သားဖြစ်သူဦးအောင်သက်မန်းမှမည်သည့်အကြောင်းကြောင့်
FECငွေကိုလက်ခံခြင်းမပြုတော့သည်မှာနိုင်ငံတော်၏လျှို့ဝှက်အက်ဥပဒေကို
ကိုတင် သိရှိပြီးခြင်းကြောင့်သာဖြစ်မည်ဟု၎င်းပိုင်ဆိုင်သည့်RED LINK Wi-Max အင်တာနက်လိုင်းကိုသုံးစွဲသောသူများမှသုံးသပ်ဝေဖန်နေကြပါသည်။