Wednesday, September 14, 2011

တနိုင်ငံလုံးအတိုင်းအတာဖြင့် ဧရာဝတီ တော်လှန်ရေး စပါပြီ

    အမှတ်(၁)လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဝန်ကြီးဖြစ်သူ ဦးဇော်မင်းသည် နိုင်ငံတော်၏အခြေခံမူများ အခန်းပါပုဒ်မ(၄၅)ကိုကျူးလွန်ဖေါက်ဖျက်ခဲ့ ပါသည်။“ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ တွေကကန့် ကွက်နေ
လို့  နောက်ဆုတ် မှာလားလို့ မေးခွန်းတခုမေးပါတယ်။နောက်မဆုတ်ပါဘူး။ ဆက်လုပ်မှာဖြစ်ပါတယ်”ဟု
ပြောဆိုခဲ့ ခြင်းသည်သက်သေထင်ရှား အများရှေ့ မှောက်တွင်ပြောဆိုခဲ့ ခြင်းဖြစ်ပါသည်။

    အမိမြန်မာနိုင်ငံသားတို့ ၏ အသက်ရှင်သန်ရာ သွေးကြောမြစ်ဖြစ်သည့် ဧရာဝတီမြစ်ကြီး တိမ်ကောပြီး သဘာဝ ပါတ်ဝန်းကျင် ပျက်ဆီးကာ ပြည်သူပြည်သားများ ဒုက္ခဆင်းရဲနှင့်ကြုံတွေရမည့်အရေးကို ဥပဒေနှင့်အညီ မဆောင်ရွက်သော ဦးသိန်းစိန် အစိုးရသစ်အား ပြည်သူပြည်သားများ မိမိတို့ ၏ ဆန္ဒကို ဖေါ်ထုတ်၍ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းအားအရေးယူပေးရန် တောင်းဆို ဆန္ဒပြကြရန် အလေးအနက်ဆန္ဒပြုပါသည်။
   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၁) ပုဒ်မ(၄၅)အရ
  နိုင်ငံတော်သည်သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ထိန်းသိမ်းစောင့် ရှောက်ရမည်။
The Union shall protect and conserve natural environment.

       ဖွဲ့ စည်းပုံအခြေခံဥပဒေ အခန်း(၈)ပုဒ်မ(၃၉ဝ)
နိုင်ငံသားတိုင်းသည် အောက်ဖေါ်ပြပါ ကိစ္စရပ်များတွင် နိုင်ငံတော်အား ကူညီရန်တာဝန်ရှိသည်။
                  
(က)အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ကို ထိန်းသိမ်းစောင့် ရှောက်ခြင်း။
                      (ခ)သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။
                      (ဂ)လူ့စွမ်းအားအရင်းအမြစ်ဖွံ့ ဖြိုးတိုးတက်ရေး မြင့် မားလာစေရန် ကြိုးပမ်းခြင်း။
                      (ဃ)အများပြည်သူပိုင်ပစ္စည်းများကိုထိန်းသိမ်းစောင့် ရှောက်ခြင်း။
၃၉ဝ. Every citizen has the duty to assist the union in carrying out the following matters.
                    (a)preservation and safeguarding of cultural heritage.
                    (b)environmental conservation.
                    (c)striving for development of human resources.
                    (d)protection and preservation of public property.

ကျွန်ူပ်တို့ သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားများဖြစ်သည့် အတွက်ဖွဲ့ စည်းပုံအခြေခံဥပဒေပါ
နိုင်ငံသားတို့၏တာဝန်ကိုထမ်းဆောင်ရန်ကြိုးစားခြင်းကိုလည်း၊ပြက်ရယ်ပြုခြင်း။တားဆီးရန်ကြိုးစားခြင်း
များပြုလုပ်ခဲ့ သည်ကို  လည်းထင်ရှားတွေ့ ရှိရပါသည်။

အထက်ပါအချက်များအရလျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ဝန်ကြီးဦးဖော်မင်းသည်ဖွဲ့စည်းပုံအခြေခံဥပဒေ၏
ပြဌာန်းချက်များအား
                    (၁)ကိုယ်တိုင်ကျူးလွန်၊ဖေါက်ဖျက်ခြင်း။
                    (၂)နိုင်ငံသားတို့ ၏တာဝန်ကိုကျေပြွန်စွာထမ်းဆောင်လိုသူများအားခြိမ်းခြောက်ခြင်း။

    ပြစ်မှုများကိုကျူးလွန်ကြောင်းတွေ့ ရှိရပါသဖြင့် စည်းကမ်းပြည့် ဝသောဒီမိုကရေစီစံနစ်သို့ ဦးတည်နေ
သော နိုင်ငံတော်အစိုးရ ၏ဥပဒေများကိုချိုးဖေါက်သူ ဦးဇော်မင်းအား ဥပဒေအရ အရေးယူပေးနိုင်ပါရန်
လေးစားစွာ တင်ပြတိုင်ကြားအပ်ပါသည်။

    ယနေ့ ခေတ်သည် ရွေးကောက်ပွဲကိုအခြေခံပြီး စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီအစိုးရသစ်အနေဖြင့် ကမ္ဘာကို ကြေညာထားပြီးဖြစ်သည်။ ထို့ ကြောင့် ဒီမိုကရေစီအရ ပြည်သူလူထုသည် မိမိတို့ ၏ ဆန္ဒကို လွတ်လွတ်လပ်လပ် ဖေါ်ပြပိုင်ခွင့်ရှိရမည်။ အစိုးရသစ် ဦးသိန်းစိန်၏ မိန့် ခွန်းပါအတိုင်းခေတ်နှင့် အညီပြုပြင်ပြောင်လဲမှုများ လုပ်ဆောင်ရန်လိုအပ်သည်ဟု ဆိုထားသောကြောင့်အစိုးရသစ်သည် ပြည်သူ
တို့  တောင်းဆိုသည့် ဆန္ဒပြပွဲများကို အလေးထားသော အစိုးရဖြစ်မဖြစ်။မိမိတို့  ရေးဆွဲထားသော အခြေခံ ဥပဒေကို လေးစားမှုရှိမရှိ ကမ။ာသိအောင်တပြည်လုံးအတိုင်းအတာဖြင့် ဧရာဝတီတော်လှန်ရေးကြီး စဖို့ အချိန်တန်ပြီဖြစ် သောကြောင့် နှိုဆော်အပ်ပါသည်။