မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ကျင်းပမဲ့ ဒီမိုကရေစီနေ့ ( Democracy day)ကို စစ်အစိုးရ တဖြစ်လဲ ဦးသိန်း စိန် အစိုးရသစ်က အခမ်းအနားကို ကြီးကြီးကျယ်ကျယ် နေပြည်တော်မှာ အစိုးရအဖွဲ့ ဝင်တွေနဲ့  ပါတီအဖွဲ့  အစည်းတွေ လူမှုရေး စီးပွားရေး ပညာရှင်များ သတင်းသမားများနှင့် ခန့် ညာထည်ဝါစွာ ကျင်းပဖို့ ပြင်ဆင်နေကြပါတယ်။
အစိုးရတရပ်အနေနဲ့  ဒီမိုကရေစီနေ့ လို့ ဆိုထားတော့ တကယ်ပဲ ဒီမိုကရေစီကို လိုလိုလားလား ရှိရဲ့ လား ဆိုတာကို စဉ်းစားဖို့ လိုပါတယ်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ ကြီးက သူ့ အဖွဲ့ ဝင်နိုင်ငံများမှာ ဒီမိုကရေစီစနစ် ထွန်းကားလာရေးကို ရည်ရွယ်ပြီး အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ကို စက်တင်ဘာ ၁၅ ရက်ကို ဆုံးဖြတ် သတ်မှတ်ခဲ့တာပါ။
ဒီမိုကရေစီဆိုသည်မှာ လွတ်လပ် တရားမျှတပြီး ဥပဒေစိုးမိုးမှု ရှိသောစနစ်ကို ဒီမိုကရေစီစနစ်ဟု အများက ခံယူထားကြသည်။ ဒီမိုကရေစီနိုင်ငံတခု ထူထာင်ရာတွင် အခြေခံသဘောတရားများကို လေးစားဖို့ လိုပါ သည်။ ဒီမိုကရေစီကို မှန်မှန်ကန်ကန် လေ့လာပြီး တိတိကျကျ ကျင့်သုံးပါက သာယာအေးချမ်းမှုနှင့်ငြိမ်းချမ်း မှု ကိုထိန်းသိမ်းထားနိုင်ပါလိမ့်မည်။တဘက်တွင်လည်း လူသားမျိုးဆက် တို့ ၏ အနာဂတ်များကိုလည်း
ပြုစုပျိုးထောင်ရာရောက်ပေသည်။ဒီမိုကရေစီကို အမှန်စင်စစ် မိမိတို့ ၏ လက်စွဲလမ်းညွန်အဖြစ် လုပ်မည် လား။ မလုပ်ဘူးလား ဆိုသည့်အချက်ပေါ်တွင်မှုတည်နေပါသည်။
ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ၏ အနှစ်သာရကို မှန်မှန်ကန်ကန်နားလည်သဘောပေါက်ဖို့ တော့ လိုအပ်ပါ သည်။မိမိ၏ လွတ်လပ်မှုကို အလေးထားသောသူသည် သူတပါး၏ လွတ်လပ်မှုကို အလေးထားရပေလိမ့် မည်။ ဒီမိုကရေစီကို နိုင်ငံရေးစနစ်တရပ်လို မှတ်ယူဖို့ အရေးကြီးပြီး အခြေခံသဘောတရားများဖြစ်သော စိတ်ပိုင်းဆိုင်ရာ အလေ့အကျင့်နှင့် မှန်ကန်သောသဘောတရား တွေးခေါ်ယူဆချက် အပြန်အလှန်လေးစား လိုက်နာမှုပင်ဖြစ်သည်။လူမှုရေးလောက စီးပွားရေးလောက နိုင်ငံရေးလောက စသည်တို့ တွင် ဒီမိုကရေစီ ကို ကျင့်သုံးမှသာလျှင် လောကီလူသားတို့ ၏ ငြိမ်းချမ်းရေးနှင့်ပျော်ရွင်ချမ်း
မြေ့ မှု လူသားအခွင့်အရေးများတန်ဖိုးထားလေးစားပြီး ဒီမိုကရေစီ၏ အခြေခံသဘောတရားများ ရရှိလာမည်ဖြစ်သည်။
မြေ့ မှု လူသားအခွင့်အရေးများတန်ဖိုးထားလေးစားပြီး ဒီမိုကရေစီ၏ အခြေခံသဘောတရားများ ရရှိလာမည်ဖြစ်သည်။
ဒီမိုကရေစီနေ့ ဆိုပြီး လွယ်လွယ်ကူကူ အပြသဘောလုပ်ရုံနဲ့ တော့ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်မလာပါ ဘူး။ ပါဝင်သင့်ပါဝင်ထိုက်သူတွေ ပါတီတွေ အဖွဲ့ အစည်းတွေ သတင်းမီဒီယာတွေ အာလုံးပါဝင်နိုင်ပြီး
လွတ်လွတ်လပ်လပ် ဝေဖန်တင်ပြပြောဆိုနိုင်မှုက ဒီမိုကရေစီနေ့ အတွက် အဓိကအရေးကြီးပါတယ်။
ဂုဏ်သိက္ခာရှိပြီး ပြည်သူလေးစားခြင်းခံထားရတဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ ရှမ်း အမျိုးသားခေါင်းဆောင်ဦးခွန်ထွန်းဦး။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်။ လူမှုရေးလုပ်ဆောင်သူ မစုစုနွေးတို့ လို ပုဂ္ဂိုလ်မျိုးတွေကို ဒီမိုကရေစီနေ့ မှာ လူသားဇစ်မြစ်အခွင့်အရေးအရ အားလုံးပါဝင်နိုင်
အောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
ပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်လိုလားတယ်ဆိုရင် အစိုးသစ်အနေနဲ့ မတူတဲ့အချက်တွေကို ခဏဘေးဖယ်ထားပြီ တူညီတဲ့အချက်တွေကို လက်တွဲလုပ်မယ်လို့  နိုင်ငံတော်ဆုံးဖြတ်ချက်ချထားပြီး ဒီမိုကရေစီနေ့ ဆိုသော ထူညီတဲ့လမ်းကို အများပါဝင်နိုင်အောင် သဘောထားကြီးစွာဖြင့် အဖွဲ့ အစည်းတွေကို ဖိတ်ခေါ်ဖို့ လိုပါတယ်။ ကမ္ဘာကိုရဲရဲဝံ့ ဝံ့  ကြေညာပြသဖို့  လိုအပ်ပါကြောင်းနှင့် နိုင်ငံရေးအကျဉ်းသားများကို အမြန်ဆုံးလွတ်ပေးရန် တောင်းဆိုအပ်ပါသည်။