Wednesday, September 21, 2011

မြန်မာ ငွေလဲလှယ်နှုန်းသည် ခေတ်နှင့်ကိုက်ညီမှုမရှိ

 သင်တန်းများကို စနစ်တကျ လေ့လာမှုမရှိ
စက်ပစ္စည်းများ ပြည့်ပြည့်စုံစုံမရှိခြင်း
တရားမ၀င်ငွေလဲလှည်နှုန်းက ပို၍ရခြင်း


























Office staff work at the Myanmar Securities Exchange Centre (MSEC) in Yangon September 16, 2011. As part of currency reforms, Myanmar's new government has allowed some private banks to trade foreign currencies in the commercial city Yangon, a state official said on September 19, 2011. Picture taken September 16, 2011. AP

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေ လဲလှယ်မည့် လုပ်ထုံးလုပ်နည်းများ နှင့်ပတ်သက်၍ အင်းဝဘဏ်၊မြဝတီဘဏ်၊
မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဘဏ်၊ မြန်မာ့ စက်မှု ဖွံ့ဖြိုးရေး ဘဏ်၊ မြန်မာအရှေ့တိုင်းဘဏ်နှင့် ကမ္ဘောဇ ဘဏ်တို့မှ အကြီးတန်း ဝန်ထမ်းများကိုသင်တန်းပေးနေသည်ဟုသိရှိရသည်။ လောလောဆယ် ဗဟိုဘဏ်က နေ ပေးတဲ့ သင်တန်း တက်နေရပြီး တနှစ်လောက် ကြာမယ်” ဟုဆိုသည်။

လက်ရှိမြန်မာနိုင်ငံတွင် တရားဝင် MICB နှင့် မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ် MFTB တို့ကသာ ဝန်ဆောင်မှု လုပ်ကိုင်ပေးနေသည်။အခု မြန်မာငွေကြေးက SDR(Special  Drawing Rights) နဲ့ ချိတ်ဆက်ပြီး နှုန်းသတ်မှတ်ထားတာ ဖြစ်ပါတယ်။ ဒီနှုန်းထားက လက်တွေ့အခြေအနေနဲ့ရော ခေတ်နဲ့ပါ မလျော်ညီတာကြောင့် ပြောင်းလဲဖို့ ပြင်ဆင်ဖို့  လိုအပ်ပါတယ်။၁၉၄၇ ခုနှစ် နိုင်ငံခြားသုံးငွေ စည်းမျဉ်း ဥပဒေပုဒ်မ ၅ အရ မြန်မာ အတွင်းနေထိုင်သူ မည်သူမဆို နိုင်ငံခြား သုံးငွေ အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်ဖြင့်သာ ကိုင်ဆောင်ခွင့် ရှိပြီး၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲ့မှုဌာနတွင်နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့် လိုင်စင် Foreign Exchange Acceptor & Holder License ကို လျောက် ထားပြီးမှ ကိုင်ဆောင်နေကြရသည်။

ပြင်ပဈေးကွက်အတွင်း ကျပ် ၇၅၀ ဝန်းကျင် ဖြစ်ပေါ်နေသော အမေရိကန် ဒေါ်လာလဲ လှယ်မှုနှုန်း
ကိုတရား ဝင်ပုံသေ သတ်မှတ်မည် ဆိုပါက ယခုအစိုးရ သတ်မှတ် ထားသော ၆ ကျပ်နှုန်းထက် အဆများစွာ ကျော်လွန်ပြီး ဈေးကွက် ပေါက်ဈေးနှင့် နီးစပ်မှသာလျှင် ငွေလဲနှုန်းကို တည်ငြိမ်စေရန် ထိန်းထားနိုင်မည်ဖြစ်ပြီး ပို့ကုန်သွင်း ကုန်ကဏ္ဍများ၊ အခြားရင်းနှီးမြှုပ် နှံမှုနှင့် နှီးနွှယ်နေသော
နိုင်ငံခြားငွေအသုံးပြုရေးကဏ္ဍများတွင် ပိုမိုကောင်းမွန်သောရလဒ်များ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း နာမည်ရ ပုဂ္ဂလိက ဘဏ်ကြီးတစ်ခုမှ ဘဏ်လုပ်ငန်း ပညာရှင်ကြီးတစ်ဦးက ပြောကြားသည်။