၁၉၈၈ ခုနှစ် နိုင်ငံအဝှမ်း ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများအတွင်း စစ်တပ်မှ ပစ်ခတ်နှိမ်နင်းမှုတွင် သေဆုံးခဲ့သည့် အထက်တန်းကျောင်းသူ မဝင်းမော်ဦးအား ဂုဏ်ပြုသည့် အခမ်းအနားကို ရန်ကုန်မြို့ နေအိမ်တွင် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူများက တနလာင်္နေ့၌ ပြုလုပ်ခဲ့ကြသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ဒု ဥက္ကဌ ဦးတင်ဦးနှင့် အဖွဲ့ ဝင်များ တက်ရောက် အားပေးစကား ပြောကြားခဲ့သည်။
ကြည့်မြင်တိုင် အမှတ် (၄) အလယ်တန်းကျောင်းသူ မဝင်းမော်ဦးသည် ၁၉၈၈ စက်တင်ဘာ ၁၉ နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် သေနတ်ထိမှန်ခဲ့ကာ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး နာရီ အနည်းငယ် အတွင်း ကွယ်လွန်သွားခဲ့သည်။မဝင်းမော်ဦးကို ဦးဝင်းကြူ - ဒေါ်ခင်ဌေးဝင်းတို့က ၁၉၇၂ နိုဝင်ဘာလ ၁၉ ရက်တွင် မွေးပြီး မွေးချင်း ၆ ယောက်အနက် အကြီးဆုံး ဖြစ်သည်။ဝင်းမော်ဦးကွယ်လွန်သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ကို မြန်မာနိုင်ငံသူရဲကောင်းများနေ့ အဖြစ် သတ်မှတ်ခဲ့သည်။