မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့် ပေးမယ်ဆိုရင် နိုင်ငံနဲ့ပြည်သူ အကျိုးထက် အပြစ်က ပိုများ လာမှာ ဖြစ်တယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ပြောကြားလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ သတင်း မီဒီယာ လွတ်လပ်ခွင့်ပေးဖို့ အဆိုကို ပြည်သူ့ လွှတ်တော်မှာ ကြားနာ
ဆွေးနွေးရာမှာ သတင်းစာ လွတ်လပ်ခွင့်ပေးဖို့ အချိန်မတန်သေးတဲ့အကြောင်း၊ သတင်း မီဒီယာ သမား တွေဟာ ထင်မြင်ယူဆချက်တွေကို အထိန်းအကွပ်မရှိဘဲ စီးဆင်းနေတဲ့ ရေစီးကြောင်းတွေလို ခိုင်းနှိုင်းပြီး ဦးကျော်ဆန်းက ချေပထားပါတယ်။
ဦးကျော်ဆန်း၏ပြောဆိုမှုနှင့်ပါတ်သက်၍ လေ့လာရမည်ဆိုလျှင် သတင်းလွတ်လပ်ခွင့်ကိုမပေးဘဲ ထိမ်းချုပ် ထားမည့်သဘောရှိပါသည်။အနှစ် ၅၀ကျော် သတင်းစာလောကသည် စစ်ဗိုလ်ချုပ်များ၏ ၀ါဒဖြန့်  လက်ကိုင် ဒုတ်အဖြင့် အသုံးချခဲ့ပြီး ပြည်သူများက သတင်းစာကိုအရှုပ်ထုတ်လို့ မြင်ခဲ့ကြရာ ၀တ္ထု စာစောင်များကိုသာ
ဝယ်ယူဖတ်လေ့ရှိပါတယ်။ သူတို့ အကြောင်းတွေကြီးဘဲ သတင်းစာမှာ ပညာရစေမဲ့အရာတခုမှမပါဘူးလို့ 
ပြည်သူတွေ အယုံအကြည်ကင်မဲ့တဲ့အထိ ရောက်ရှိခဲ့တာကို မသိကျေးကျွန်ပြုနေကြတဲ့ ဗိုလ်ချုပ်တွေဟာ အာဏာတည်မြဲရေးကိုသာ အဓိကလုပ်ဆောင်နေတာတွေ့ ရပါတယ်။
အရပ်သားအစိုးရအသွင်ပြောင်းပြီး ဘီးလူခေါင်းဆောင်ထားတာ ထင်ရှားနေပါတယ်။ လွှတ်တော်ဆိုတာက လည်း သရုပ်ပြသဘောပါ။ဆွေးနွေးဖို့ ပင်ပင်ပမ်းပမ်းပြင်ဆင်တာဘဲ အချိန်ကုန်တယ် သူတို့ အတွက် ထိခိုက် မယ်ဆိုရင် ပယ်ချတတ်ပါတယ် မဲနဲ့ ခွဲတာမျိုးတွေမလုပ်သလို ဒီအတွက်လည်း လွှတ်တော်မှာစစ်တပ်က ၂၅%နဲ့ ထိုင်စောင့်နေပါတယ်။ဘာမှတိုင်းပြည်အကျိုးမဆောင်ရွက်ဘဲ ထိုင်ပြီးနိုင်ငံတော် လစာစားနေကြ တာပါ ဆန်ကုန်မြေလေးလို့ ဆိုရမှာဖြစ်တယ်။
မြန်မာနိုင်ငံဟာ ၁၉၄၈ မှ ၁၉၆၁ အထိသတင်းလွတ်လပ်ခွင့်တွေရှိခဲ့တယ်ဆိုတာ ဦးကျော်ဆန်း မမွေးသေး လို့ ထင်ပါတယ် သိမယ်မထင်ဘူး။သတင်းလွတ်လပ်မှုတွေကြောင့် တော်လှန်ရေးမှာ အမျိုးသားရေးစိတ်ဓါတ်
နှိုးကြားစေခဲ့တယ် သတင်းစာမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့  (ငရဲခွေးကြီးလွတ်နေပြီ)ဆိုတာပါလာလို့ ဂယှက် ရိုတ်ခဲ့ရပါတယ်။ဗိုလ်အောင်ကျော် နံပါတ်ဒုတ်နဲ့ ရိုက်ခံရတဲ့သတင်းတွေ ထိုအချိန်က သတင်းစာတွေဟာ သတင်းလွတ်လပ်ခွင့်နဲ့  အရေးပါတဲ့ အခန်းကနေ ပါဝင်ခဲ့ တာတွေ့ ရပါတယ်။၁၉၆၂ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သတင်းလွတ်လပ်ခွင့် ပိတ်ပင်ခံခဲ့ရလို့  မဆလ ၀ါဒဖြန့်  သတင်းစာဖြစ်သွားခဲ့တာ ယခုအာဏာရှင်လက်သစ်တွေအထိပါဘဲ။
မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်ကို အမျိုးသားရေးအတွက် နှိုးဆော်ခဲ့လို့ လဲ တော်လှန်ရေးသမိုင်းမှာ စည်းလုံးညီညွတ်မှုကိုရရှိခဲ့ပြီး လွတ်လပ်ရေးရရှိခဲ့တာကို ပြန်လည်သတိရစေခဲ့ပါတယ်။သတင်းလွတ်လပ်ခွင့် ဟာ မြန်မာပြည်သူများအတွက် အရေးပါသလို သတင်းသမားလောကအတွက်လည်း တန်ဘိုးအထားဆုံး
လက္ခဏာတခုပါ။သတင်း မီဒီယာ သမား တွေဟာ ထင်မြင်ယူဆချက်တွေကို အထိန်းအကွပ် မရှိဘူးလို့  ဦးကျော်ဆန်းရဲ့ ပြောဆိုချက်ဟာ ဂုဏ်သိက္ခာရှိတဲ့ သတင်းစာဆရာကြီးတွေနဲ့ သတင်းမားတွေကို သိက္ခာချလိုက်တာပါ သတင်းသမားများအနေနဲ့ လည်း အခုလို ပြောဆိုမှုအတွက် ဒီမိုကရေစီနည်းအရ
သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပြန်လည်ချေပသင့်ပါတယ်။
“ကမ္ဘာ့အဆိုးဆုံး သတင်းစာလွတ်လပ်ခွင့် ချိုးဖောက်သူများ အုပ်စိုးနေသည့် တံခါးပိတ်နိုင်ငံများတွင်
ပြည်တွင်း မီဒီယာများကို ထင်သလို ပိတ်ဆို့ ဟန့်တားနေကြဆဲရှိပါသည်။ ၂ဝဝ၈ ခုနှစ်အတွက် ၁၇၃နိုင်ငံ
အား လေ့လာချက်တွင် သတင်းလွတ်လပ်ခွင့် ချိုးဖောက်မှုအဆင့်၌ မြန်မာနိုင်ငံသည် အဆင့် ၁၇ဝ ရှိနေပြီး၊ သူ့အထက် ကပ်လျက်တွင် တရုတ်၊ ဗီယက်နမ်နှင့် ကျူးဘားနိုင်ငံတို့ရှိပြီး၊ သူ့အောက် အဆိုးဆုံး နိုင်ငံ ၃ ခုမှာ တာ့ခ်မေနစ်စတန် (Turkmenistan) ၊ မြောက်ကိုရီးယားနှင့် အီရီထရီးယား (Eritrea) တို့ ဖြစ်သည်။
ဤနိုင်ငံတွင် “သတင်းသမားများ၊ ပညာတတ်များနှင့် နိုင်ငံခြားသားများကိုပင် စစ်အစိုးရက ရန်သူအဖြစ် ရှုမြင်ကြသည်။ သူတို့သည် သူတို့အလုပ်အတွက် တန်ဖိုး အများကြီးပေးကြရသည်” ဟု ရေးထားသည်။
မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်နဲ့ လူ့ အခွင့်အရေး အပြည့်အ၀ရရှိရေးအတွက် သတင်းသမားများ ၏ လွတ်လပ်ခွင့်ဟာ အရေးကြီးပါတယ်။ သတင်းလွတ်လပ်ခွင့်မရှိရင် အမှန်တရားဆိုတာပျောက်ကွယ်နေ အုံးမှာဘဲ အရပ်သားယောင်ဆောင်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်း ၀န်ကြီးတွေကတော့ သူတို့ လှည့်ကွက်တွေ
မှားကွက်တွေ ရေးသားမှာဆိုလို့  ထမရေချောင်းဆီးအောင် ပြည်သူတွေကို လိမ်ပြောနေမှာသေချာပါတယ်။
အစိုးရသစ်ရဲ့ ပြုပြုင်ပြောင်းလဲရေးဆိုတာ အပြောသက်သက်ပုံပြင်သာ ဖြစ်နိုင်ပါတယ်။