မြန်မာနိုင်ငံမှာ အပြုသဘော ဆောင်တဲ့ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမဲ့ အရိပ်လက်ခဏာတွေရှိလာ
နေပြီ ဖြစ်တယ်လို့  ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနနဲ့  ဒီကနေ့ 
တွေ့ ဆုံ မေးမြန်းခန်းမှာ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်။
မြန်မာ ပြည်သူတွအေတွက် တကယ့်လွတ်လပ်မှုကတော့ အလှမ်းဝေးနေဆဲ ဖြစ်တယ်လို့ လည်း ထည့်သွင်းပြောသွားပါတယ်။
အခု အစိုးရသစ် လုပ်နေတဲ့ ဒီမိုကရေစီရေး ရှေ့ ရှုတဲ့ ကြိုးပမ်းမှုတွေဟာ တကယ့် စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ လို့  သူ့ အနေနဲ့  ယုံကြည်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။
ပြီးခဲ့တဲ့လက သမတ ဦးသိန်းစိန်နဲ့  တွေ့ ဆုံ ဆွေးနွေးခဲ့တုန်းက နိုင်ငံအတွက် လိုချင်တဲ့ သဘောတူချက် အတော်များများကို ရခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က AFPနဲ့  တွေ့ ဆုံ မေးမြန်းခန်းမှာ ထုတ်ဖေါ်
ပြောသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အပြုသဘော ဆောင်တဲ့ အပြောင်းအလဲတွေလုပ်ဖို့ သမတ ဦးသိန်းစိန်က လိုလားတယ်ဆိုတာကို ယုံကြည်ပေမဲ့ ဘယ်လောက် လုပ်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရအုံးမယ်လို့  ပြောပါတယ်။
အာရပ်နိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ ဒီမိုကရေစီရေး လူထုအုံကြွမှုတွေ ပုံစံမျိုး မြန်မာနိုင်ငံမှာ ဖြစ်လာမှာကို သူဆန့် ကျင်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ပြောကြားသွားပါတယ်။
မြန်မာနိုင်ငံမှာ အပြောင်းအလဲ ဖြစ်လာနိုင်မဲ့ အခြေအနေမျိုး ရောက်နေပြီ ဆိုတာကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဒီမိုကရေစီနေ့  အခမ်းအနား မိန့် ခွန်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားခဲ့ပေမဲ့ ဘာကို အခြေခံ ပြောတာလဲ ဆိုတာကိုတော့ တိတိကျကျ ထုတ်ဖေါ် ပြောမသွားခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့  အခုလို ထုတ်မပြောသေးတာဟာ အချိန်မကျသေးလို့  ဖြစ်တယ်လို့  NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း က ဘီဘီစီကို ပြောပါတယ်။
အခုအခါ တဖက်နဲ့ တဖက် တွေ့ ဆုံ စကား ပြောလာတာဟာ ငြိမ်းချမ်းတဲ့ နည်းနဲ့  အပြောင်း အလဲတွေ လုပ်လာတာ ဖြစ်တယ်လို့ လည်း ဦးဉာဏ်ဝင်းက သုံးသပ် ပြောဆိုသွားခဲ့ပါတယ်။