Wednesday, September 21, 2011

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့  အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးခန်းတွင်ကျင်းပ



ဒီကနေ့ စက်တင်ဘာလ ၂၁ ရက်နေ့ မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်း
အမှတ်ပွဲကို အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်နဲ့ ၂၀၀၇ စက်တင်ဘာ အကြမ်းမဖက်အမျိုး
သားလှုပ်ရှားသူများကနေ ဦးဆောင်ပြီး အလုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးခန်းမှာကျင်းပ ကြပါတယ်။ နံနက်ပိုင်းမှာ သံဃာတော် အရှင်သူမြတ် ငါးပါးအာရုဏ်ဆွမ်းနဲ့  သင်္ကန်းများ ဆပ်ကပ်ပြီး နံနက်၉း၃၀မှ နေ့ လည်၁၁း၃၀ထိ ဖိတ်ကြားထားသူများအား ကြက်သားပလာတာဖြင့်ကျွေးမွေးဧည့် ခံပါတယ်။

ထိုပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဒုဥက္ကဌ ဦးတင်ဦး၊ဗဟိုအလုပ်မှုဆောင် ဦးလှဖေ၊ ဦးဝင်းထိန်၊
ဗဟိုအမျိုးသမီးအဖွဲ့ ဝင် ဒေါ်မေ၀င်းမြင့်၊ဒေါ်လဲ့လဲ့၊ရန်ကုန်တိုင်း စည်းအဖွဲ့ ဝင် ဦးလှသိန်း၊ မြောင်းမြ
ဦးဘဆွေ၊ ဒေါက်တာမျိုးအောင်၊ဦးလှမင်း၊ ဒေါ်နော်အုံးလှနှင့်အင်္ဂါ ၀တ်ပြုဆုတောင်း အဖွဲ့ဝင်များ၊၈၈ မျိုးဆက်ကျောင်သားများ၊၈၈ ဒီမိုကရေစီရေးတွင် ကွယ်လွန်သူ မ၀င်းမော်ဦး ရဲ့ မိသားစုဝင်များ၊ဖမ်း
ဆီးခံ ဒီမိုကရေစီအင်အားစုများရဲ့ မိသားစုဝင်များ နဲ့ လူအင်အား ၃၀၀နီးပါတက်ရောက်ကြပါတယ်။
ထိုအထိမ်းအမှတ်ပွဲမှာ အန်အယ်လ်ဒီ ဒုဥက္ကဌ ဦးတင်ဦးမှအမှာစကားပြောကြားရာ ၄င်းမှ အိန္ဒိယ
လွတ်လပ်ရေးနဲ့  အကြမ်းမဖက်အမျိုးသားလှုပ်ရှားမှုခေါင်းဆောင် မဟတ္တမဂန္ဒီ ၊ဆရာကြီးသခင် ကိုယ်တော်မှိုင်း၊ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်  နှင့် ဒေါ်အောင်ဆန်း စုကြည်တို့ ရဲ့ အမျိုးသားရေးနဲ့ ငြိမ်းချမ်းရေး ဆောင်ကြဉ်းခဲ့ပုံများကို ရှင်းပြခဲ့ပါတယ်။ 

ထို့ နောက်ကဗျာဆရာလေးဦးမှ ငြိမ်းချမ်းရေးနေ့ နှင့် ဧရာဝတီနှင့် ပတ်သက်သော ကဗျာများကို ဖတ်ကြားကြပါတယ်။ ဒီနေ့  အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ ကို ဒုတိယအကြိမ် ဦးဆောင်ကျင်းပတဲ့ အလုံမြို့နယ်၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်လူငယ်တာဝန်ခံလဲဖြစ်၊၂၀၀၇ စက်တင်ဘာ အကြမ်းမဖက် အမျိုးသားလှုပ်ရှားသူလဲဖြစ်သူ ကိုလူမော်လတ်မှ အထိမ်းအမှတ်ပွဲ ကျင်းပရတဲ့ အကြောင်းအရင်း 
နဲ့ ငြိမ်းချမ်းရေးနေ့ နဲ့ ပတ်သက်တဲ့ သဘောထားကို ပြောကြားရာတွင် နိုင်ငံရေး၊စီးပွာရေး၊လှုမှုရေးတွေမှာ တစ်ယောက်ကြောင့်တစ်ယောက်၊ တစ်ဖွဲ့ ကြောင့်တဖွဲ့  နစ်နာနေတဲ့ တိုင်းပြည်ကို ဘယ်လို့ မှ ငြိမ်းချမ်းတဲ့ နိုင်ငံလို့  ခေါ်လို့ မရကြောင်းနဲ့ တိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ ဖမ်းဆီးခံ ဒီမိုကရေစီအင်အား စုများကိစ္စ၊
မြစ်ဆုံကိစ္စ၊လက်နက်ကိုင် တိုင်ရင်းသားများကိစ္စ စတဲ့ကိစ္စသုံးခုနဲ့ ပတ်သတ်ပြီး စစ်မှန်သော ဒီမိုကရေစီ အစိုးရများဆိုလျှင် ပြည်သူလူထုရဲ့ အသံကိုအလေးထားပေးပြီး အကောင်းဆုံး ဆောင်ရွက်ပေးနိုင်မှသာ
တိုင်းပြည်မှာ ငြိမ်းချမ်းမှာ ဖြစ်တဲ့အကြောင်းပြောကြားခဲ့ပါတယ်။

ထို့ နောက် အထိမ်းအမှတ်ပွဲကို ရန်ကုန်တိုင်းစည်းရုံရေးအဖွဲ့ ဝင် ဦးလှသိန်းမှရုတ်သိမ်း ခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့  အထိမ်းအမှတ်အဖြစ် ဒု ဥက္ကဌ ဦးတင်ဦး၊ဦးလှဖေ၊ဦးဝင်းထိန်၊ ဗဟိုအမျိုးသမီးအဖွဲ့ မှ ဒေါ်မေ၀င်းမြင့်၊ဒေါ်လဲ့လဲ့၊ဒေါ်မြင့်မြင့်စိန်တို့ မှ ဂျိုးဌက်များလွှတ်ပေးခဲ့ပါတယ်။
ဒီပွဲမှာ ဧရာဝတီကို ကယ်တင်ကြ စတေကာများနှင့် အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အထိမ်း အမှတ်အဖြစ် ထုတ်ဝေတဲ့ ကီးချိန်းများကို ဝေဌခဲ့ပါတယ်။

ကိုလူမော်လတ်