Saturday, September 10, 2011

မြန်မာနိုင်ငံလက်ရှိအခြေအနေများကို ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးလှုပ်ရှားသူများ ဂျပန်နိုင်ငံသို့ လာရောက်ဆွေးနွေး

 ဂျပန်နိုင်ငံသို့ ရောက်ရှိနေသော ဘာသာရေးနှင့်လူ့ အခွင့်အရေးပညာရှင်Mr.Benedict Rogers ။
စင်ပြိုင်အာဆီယံတာဝန်ခံ Ms. Debbie Stothard။၊ မြန်မာ့အရေး ပူးပေါင်း ဆောင်ရွက်သူများ အဖွဲ့  (Burma Partnership) ဒေါ်ခင်ဥမ္မာ တာဝန်ခံ တို့ကိုဖိတ်ကြားကာ မြန်မာနိုင်ငံအရေးနှင့်ပါတ်သက်
ပြီးဆွေးနွေးပွဲ ကို ၁၀ ရက် စက်တင်ဘာ ၂၀၁၁ ခုနှစ် (စနေနေ့ ) ၉ နာရီမှ ၁ နာရီအထိ ဒီမိုကရေစီအဖွဲ့ ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှာ စီစဉ်ကျင်းပပြုလုပ်ခဲ့ရာ အဖွဲ့ အစည်းများမှ တက်ရောက်ခဲ့ပြီး   မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို တွေ့ ဆုံဆွေးနွေးကြပါသည်။
ထိုသို့ ဆွေးနွေးခဲ့ရာတွင် လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်ရန် လက်တွန့် နေပြီး စစ်မှန်သော ဒီမိုကရေစီကိုမလုပ်ဆောင်ဘဲ ဟန်ပြသာလုပ်ဆောင်နေသည်ကိုတွေ့ ရှိရသည်။ 
ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးများချိုးဖေါက်နေသည့်အပြင် တိုင်းရင်းသားဒေသများ၏ ထိုးစစ်ကိုလည်း ရပ်ဆိုင်းခြင်းမရှိသောကြောင့် ပြည်တွင်းငြိမ်းချမ်းရေးကို ပျက်ပြားအောင် ခွဲထုတ်နေသည်ကို
တွေ့ ရှိရသောကြောင့် အတုအယောင်ဒီမိုကရေစီသာဖြစ်ပေသည်။ဂျပန်အစိုးရ နိုင်ငံခြားရေး
ဝန်ကြီးဌာနကို သွားရောက်၍ တိုက်တွန်းပြောကြားချက်နှင့်အတူ မြန်မာပြည်သူများအနေဖြင့် စစ်မှန်သောဒီမိုကရေစီနှင့် လူ့ အခွင့်အရေးများ တိုင်းရင်သားတို့ ၏ ကိုယ်ပိုင်အခွင့်အရေးများ ရရှိသည့်အထိ တိုက်ပွဲဝင်ကြရန် လှုံ့ ဆော်သွားသည်။