ဇော်တူး( ဓါတ်ပုံ) သိန်း၁၈၀ခန့်ပေါက်ဈေးရှိသည့် မြန်မာမီနီစလွန်းကား
မြန်မာမီနီစလွန်းကားများကို လွှတ်တော်အမတ်များနှင့် နိုင်ငံတာဝန်ထမ်းဆောင်နေသူများ ကို ဦးစား
ပေးရောင်းချပေးရာ လွှတ်တော်အမတ် ၁၀၀ကျော်ကိုရောင်းချပေးပြီးဖြစ် သည်ဟု စက်မှု(၁)၊(၂)၀န်ကြီး ဦးစိုးသိန်းက ပြီးခဲ့သည့် သြဂုတ်လအတွင်းက သတင်းထောက်များနှင့်တွေ့ဆုံစဉ်ေ ပြာလိုက်သည်။
အမှတ်(၂)စက်မှုဝန်ကြီးဌာနမှ ထုတ်သည့်မြန်မာမီနီစလွန်းကားများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် များနှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်များ စုစုပေါင်း ၄၀၀ကျော်လျှောက်ထားသည့်ထဲမှာ သြဂုတ်လကန်ုထိ အစီး ၁၀၀ကျော် ချထား ပေးခြင်းဖြစ်သည်။
“ ကျွန်တော်လွှတ်တော်ကိုယ်စားလှယ်ေ တွ လိုင်းကားတိုးစီးနေတာကိုမကြည့် ရက်လို့ ယခုလိုချထား
ပေးခငြ်းဖြစ်တယ်။ နောက်သုံးလေးနှစ်ဆိုရင်တော့ မြန်မာတစ်နိုင်ငံလုံး မီနီစလွန်းကားတွေဖြစ်ကုန်တော့
မှာပါ” ဟု ဦးစိုးသိန်းကဆိုသည်။
ယင်းကားများချထားပေးရာတွင် လျှောက်လွှာတင်စနစ်၊ ဦးစားပေးစနစ်စသည့်ဖြင့်ချထားေ ပးရာ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွှန်(ကော့ကရိတ်)၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့ မှာ လျှောက်စရာမလိုပဲရရှိသည့်ပြင် ရုပ်ရုင်သရုပ်ဆောင် ရန်အောင်၊ ခန့်စည်သူတို့မှာလည်း ယင်းသို့ရရှိခဲ့ကြောင်း၊ ကဗျာဆရာ စောဝေ လည်းရရှိခဲ့ကြောင်း သိရသည်။
ယင်းမီနီစလွန်းကားများကို ဈေးကွက်အတွင်းလုံလောက်အောင်ချ ထားပေးခြင်းမရှိသဖြင့် ၅၅သိန်းတန် သည့် ဆိုပါကားများမှာ ဈေးကွက်အတွင်း တစ်စီးလျှင် သိန်း၁၈၀ထိ ပေါက်ဈေးရှိနေကြောင်း၊ ယင်းကားများသည် တရုတ်နိုင်ငံမှထုတ်လုပ်သည့် ချယ်ရီကားများကို ပုံစံအနည်းငယ်ပြောင်းကာ မြန်မာမီနီစလွန်းကားအနေဖြင့်ြ ပန်ထုတ်ထားခြင်းဖြစ်ပြီး စက်မှု(၂)၀န်ကြီးဌာနမှ ၂၀၁၁ခုနှစ်မေလမှ စတင်ကာ ကားများကိုလျှောက်လွှာ တင်သည့် စနစ် ဖြင့်ရောင်းချပေးနေကြောင်းသိ ရသည်။