Monday, August 8, 2011

တိုကျို ၈၈၈၈ နေ့  ၂၃နှစ်မြောက် အထိမ်းအမှတ် လမ်းလျှောက်ဆန္ဒပြပွဲ

(“မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်”  
ပြည်တွင်း ၂၃ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနား ဧည့်သည်တော်မှတ်တမ်းတွင်
ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် အမှတ်တရစကားဖြစ်ပါသည်။)
-----------------------
တိုကျိုမြို့ ရှိမြန်မာ့ဒီမိုကရေးစီအရေးလှုပ်ရှားသည့်အဖွဲ့ အစည်းအသီးသီးမှ ၈၈၈၈ နေ့  ၂၃နှစ်မြောက် အထိမ်အမှတ်အဖြစ်လမ်းလျှောက်ဆန္ဒပြပွဲတွင်  ဒီမိုကရေးစီအရေးလှုပ်ရှားသူများ ၈၀၀ကျော် တက်ရောက်ဆန္ဒပြခဲ့ကြသည်။
တပါတီ အာဏာရှင်စနစ်ကိုတော်လှန်ကာ လူ့ အခွင့်အရေးနှင့် ဒီမိုကရေစီစနစ်ပေါ်ပေါက်လာရေးအတွက်
ရှစ်လေးလုံး လူထုအုံကြွမှု ဖြစ်ခဲ့တာ ၂၃နှစ် ကြာခဲ့ပြီဖြစ်ပေမယ့် ပြည်သူလူထု လိုလားတောင့်တနေတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ အပြောင်းအလဲတွေ ပေါ်ပေါက်လာဖို့ ရှစ်လေးလုံးစိတ်ဓာတ်ကို ဆက်လက်သယ်
ဆောင်ကာ နိုင်ငံရေးအကျဉ်သားများလွှတ်ပေးဖို့  တိုက်ပွဲဝင်ကြမည်ဖြစ်သည်။