တရုတ်နိုင်ငံတွင် ကုန်ဈေးနှုန်း မြင့်တက်လာနေပြီး စားသုံးသူများ စိုးရိမ်နေကြသည်။ ၆လနှင့်၇လတို့ တွင် ၆% မြင့်တက်ခဲ့ပြီး အများစုဖြစ်သည့် ဆင်းရဲသားမိသားစုများက ကုန်ဈေနှုန်းမြင့်တက်မှုအပေါ် စိုးရိမ်လာ
နေကြသည်။
ပြည်တွင်းကုန်ဈေးနှုန်းမှာ အရောင်းအ၀ယ်ကျဆင်းလာနေပြီး နိုင်ငံတကာ တရုတ်စီးပွားရေးဈေးကွက်လဲ ကျဆင်းလာနေသည်ဟုဆိုသည်။ဥပမာပြရလျှင် အမေရီကန်ကိုကျော်သွားသော တရုပ်ကားထုတ်လုပ်ရေး စက်မှုလုပ်ငန်းအဖွဲ့ ၏ ထုတ်ပြန်ချက်အရ ၇လပိုင်းကားသစ်ရောင်းချသော အစီးရေမှာ ၁၂၇သောင်း ၅၃၀၀ စီးဖြစ်ပြီး မနှစ်ကနှင့်စာလျှင် ၂.၁၈%ကျဆင်ခဲ့သည်ကိုတွေ့ ရှိရသည်။မနှစ် ၁လပိုင်းမှ ၇လ ပိုင်းအထိနှင့် စာလျှင် ၃.၂ တိုးလာသည်ဟုမြင်ရသော်လည်း ကားသစ်ထုတ်လုပ်မှုမှာ လျှော့ကျလာနေပြီး ရှေ့ အလား
အလာမှာ ကျဆင်းမှုရှိနေသည်။
၎လပိုင်းမှစ၍ နိုင်ငံခြားတင်သွင်းမှုကို မြင့်တင်ကာ အမြတ်ရရှိနေသော်လည်း အနောက်နိုင်ငံများ၏
ဈေးကွက်က ဈေးငြိမ်နေသောကြောင့် ခန့် မှန်း၍မရနိုင်ပေ။တရုတ်အစိုးရအနေဖြင့် အိမ်ရောင်းဝယ်ရေးလုပ် ငန်းများကျဆင်းမှုကို မြင့်တင်ရန်နည်းလမ်းများ ငွေကြေးဖေါင်းဖွမှု ကုန်ဈေးနှုန်းမြင့်တက်မှု စသည့်လုပ်ငန်း စဉ်များကို နည်းလမ်းရှာဖွေလျှက် စီးပွားရေး ပိုမိုကောင်းမွန်အောင် ရှာဖွေလျှက်ရှိသည်။
၁၀ ရက်နေ့ ထုတ် တရုပ်ပြည်သူ့ သတင်းစာမှ Wen Jiabao တရုပ်ဝန်ကြီးချုပ်က ၉ရက်နေ့ က ကျင်းပခဲ့
သော အစည်းအဝေးတွင် အနောက်နိုင်ငံများအား ယုံကြည်မှုအပေါ်စိတ်ပူပန်နေရသည်ဟု ပြောဆိုခဲ့သည်
နှင့်ပါတ်သက် နိုင်ငံတကာ စီးပွားရေးကျဆင်းမှု တာဝန်ယူမှုအပိုင်း စသည်တို့ ကို အလျင်သင့်သလို ဆောင် ရွက်မည်ဖြစ်ပြီး စီးပွားရေးရင်းနှီးမြုတ်နှံမှုကို ယုံကြည်မှုရှိအောင် တာဝန်ယူရမည်ဟု တောင်းဆိုထားသည်။
အမေရီကန်နှင့်ပါတ်သက်၍ တရုတ်က ယုံကြည်မှုအားနည်းလာသည်ဟု ပြောဆိုခဲ့သည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ စီးပွားရေးကပ်ဆိုက်မှုတွင် (about 48 trillion yen) ၄၈ ကုဋေ ယန်း အရေး
ပေါ်ငွေအသုံးပြုခဲ့သည်။ယခုအခါတွင် ပြည်တွင်းစီးပွားရေးကရေးကြီးသည် အခုအကြိမ် နိုင်ငံတကာ စီးပွား ရေးကျဆင်းမှုကို ဆောင်ရွက်ရန်အပိုငွေမရှိပါဟု ပြောဆိုလိုက်သည်။