ရန်ကုန်မြို့၊အင်းလျားလမ်းရှိစိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာတွင်ယနေ့ ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၂ ရက်
နေ့နေ့လည် ၁း၀၅ အချိန်တွင်မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့ ဒုတိအကြိမ်ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။(၁)နာရီကြာဆွေးနွေးမှုအပြီးတွင်
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်မှ(ယခုအကြိမ်ထပ်မံတွေဆုံရာ၌ နှစ်ဦးနှစ်ဖက်ကျေနပ်မှုရရှိပါကြောင်း၊
ပြည်သူလူထု အတွက်ကောင်းကျိုးပြုရေးအတွက်ကိုအလေးပေးဆွေးနွေးခဲ့ပါကြောင်း)ပြောကြားခဲ့ပြီး
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ
(တွေ့ဆုံဆွေးနွေး မှုအတွက်ကျေနပ်ဝမ်းသာအားရပါကြောင်း)ပြောကြားသွားခဲ့ကြပါသည်။
(တွေ့ဆုံဆွေးနွေး မှုအတွက်ကျေနပ်ဝမ်းသာအားရပါကြောင်း)ပြောကြားသွားခဲ့ကြပါသည်။
ပြည်ထောင်စုဝန်ကြီးဦးအောင်ကြည်မှမြန်မာ့ဒီမိုကရေစီခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ထပ်တွေ့ဆုံဆွေးနွေးရန်ရှိပါသေး
ကြောင်းပြောဆိုသွားခဲ့ပါသည်ဟု သတင်းရရှိပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် နောက်ထပ်တွေ့ဆုံဆွေးနွေးရန်ရှိပါသေး
ကြောင်းပြောဆိုသွားခဲ့ပါသည်ဟု သတင်းရရှိပါသည်။
တွေ့ ဆုံဆွေးနွေးမှုမှ ထုတ်ပြန်ချက်များ
၁။ ပြည်သူလူထု တရပ်လုံး၏ ပကတိလိုအပ်ချက် ဆန္ဒများကို ဖြည့်ဆည်းပေးသည့် အနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရနှင့် နှစ်ဘက်လက်တွဲ
ဆောင်ရွက်သွားမည်။
၂။ မြန်မာနိုင်ငံတွင် ဒီမိုကရေစီစနစ် ဆက်လက်ဖွံ့ဖြိုးထွန်းကား စေရေးအတွက်လည်ကောင်း၊ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်လည်းကောင်း၊ အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည်။
၃။ ပဋိပက္ခအသွင်ဆောင်သော အမြင်သဘောထားများကို ရှောင်ရှားကြပြီး အပြန်အလှန် ကူညီသော ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ် အတွက် ဦးတည်ချက်ထား၍ ဆောင်ရွက်သွားမည်။
၎။ တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်သွားမည် ။


