“မေ့မရနိုင်တဲ့ အကြောင်းရင်းကို စဉ်းစားကြစေချင်ပါတယ်”
ပြည်တွင်း ၂၃ နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အခမ်းအနား ဧည့်သည်တော်မှတ်တမ်းတွင်
ဒေါ်အောင်ဆန်းစုကြည် ရေးသားခဲ့သည့် အမှတ်တရစကားဖြစ်ပါသည်။

-----------------------
အေးဆေးငြိမ်းချမ်းစွာ ပြီးစီးသွားခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ် နှစ်ဆယ်ကျော်က အတူတူတွဲလုပ်ခဲ့တဲ့ သူငယ်ချင်း
တွေ၊ ၉၄- ၉၅ မျိုးဆက်တွေ၊ ၂၀၀၇ မျိုးဆက်တွေ စတဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှု ရေအလျင်ကြောမှာ မနားတမ်း၊ မမောတမ်းကူးခတ်နေကြတဲ့ တိုက်ပွဲဝင်သူရဲကောင်းတွေကို စုံစုံလင်လင် တွေ့ ရတဲ့အခါ စိတ်ထဲ မှာဝမ်းနည်းဝမ်းသာဖြစ်ရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်မိသလို ခံစားရပါတယ်။
အခမ်းအနားမှူးအဖြစ် မဇ္ဈိမလှိုင်းကိုရဲလွင်နဲ့ အတူ ၈၈ ကျောင်းသား ကိုတိုးကျော်လှိုင်ကတစ်မိနစ်ငြိမ်သက်

ခြင်းအစီအစဉ်ကို ဦးဆောင်ပြုလုပ်ပါတယ်။ ငြိမ်သက်ရခြင်းရဲ့  ပထမပိုင်းကတော့ နိုင်ငံရေး အကျဉ်းသား များလွတ်မြောက်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေးနဲ့  အမျိုးသားပြန်လည်သင့်မြတ်ရေးတို့ အတွက် ဦးတည်ပြီး ငြိမ်သက်ခြင်း ဒုတိယပိုင်းဟာဖြင့် ဒီမိုကရေစီလူထုလှုပ်ရှားမှုကြီးမှာ အသက်ပေးကျဆုံးသွားရတဲ့ တိုက်ပွဲ ၀င်ရဲဘော်ရဘက်အားလုံးအတွက် ရည်စူးရခြင်းဖြစ်ပါတယ်။
တစ်မိနစ်ငြိမ်သက်နေစဉ်မှာ အခမ်းအနားကို တက်ရောက်လာကြသူတွေရဲ့  စိတ်နှလုံးတွေ ညှိုးချုံးနေ ကြမှာ အသေအချာပါဘဲ။ ဒီအချိန်မှာ အကျဉ်းကျခံနေရတဲ့ ကျွန်တော်တို့ ရဲ့  ရဲဘော်တွေထံ စိတ်အစဉ်တွေပြေး

လွှားရောက်ရှိခဲ့ရပါတယ်။ သူငယ်ချင်းတို့ ရဲ့  စိတ်အစဉ်တွေလည်းဒီအခမ်းအနားကို ရောက်ချင်ရောက်နေ
မှာ ပါဘဲ။လူချင်း အတူတူမတွေ့ ကြရပေမယ့် တို့ တတွေ စိတ်ချင်းအမြဲ နီးနေကြပါတယ်လို့  ဖြေတွေး တွေး လိုက်ရပါတယ်။
ဆရာတော်ဘုရားကြီးရဲ့ ရေစက်ချ တရားနာမှုကို တက်ရောက်လာတဲ့ပရိသတ်တွေ ရိုကျိုးစွာခံယူကြပါတယ်။
ဆရာတော်ကြီးရဲ့  သြ၀ါဒက “အစားဆန်း၊ အနေဆန်း၊ အ၀တ်ဆန်းတွေ ကို မတပ်မက်ကြပါနဲ့ ။ အတွေး ဆန်းကြပါ၊ အတွေးရဲကြပါ၊ အတွေး ပေါက်ကြပါ။ ဒါဆိုရင် ပေးတိုင်း မယူကြတဲ့စိတ်၊ ကျွေးတိုင်း မစားကြ တဲ့စိတ်၊ခြောက်တိုင်း မကြောက်ကြတဲ့စိတ်၊ မြှောက်တိုင်း မမြောက်ကြတဲ့စိတ် တွေ ပေါ်ပေါက်လာပြီး အဲဒီစိတ်ထားတွေက တစ်ဆင့် ပြန်လည်စည်းလုံးရေး၊ ငြိမ်းချမ်းရေးကို လုပ်နိုင်ကိုင်နိုင်ကြပါလိမ့်မယ်” လို့  ဟောကြားသွားပါတယ်။အဖိုးတန် ဆုံးမစကားတွေကို နာယူလိုက်ရပါတယ်။
ဒီအခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာသလို အမျိုးသား ဒီမိုကရေစီ ပါတီဝင်များ၊ ၂၀၁၀ ရွေးကောက်ပွဲဝင် ပါတီများမှ ပုဂ္ဂိုလ်များ၊ အနုပညာလောကသားများ၊ တစ်သီးပုဂ္ဂလ များ၊မျိုးဆက်သစ်လူငယ်များနဲ့  ၈ လေးလုံးကို ဖြတ်သန်းခဲ့ကြသူများ အင်အား နှစ်ထောင်ကျော်ခန့်  လာ

ရောက်ကြပြီး အကျဉ်းသားမိသားစုဝင်များကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။ ကိုဖြိုးမင်းသိန်းတို့ ကိုမျိုးရန်နောင်သိန်းတို့ အပါအ၀င် အခမ်းအနားစီစဉ်ကျင်းပရေးလူငယ်များရဲ့  ဟာကွက်မရှိအောင် ကြိုးစားပမ်းစား ဖြည့်ဆည်းပေးနေကြတာကိုလည်း တွေ့ ခဲ့ရပါတယ်။ သံဃာတော်
များကို ၀ါဆိုသင်္ကန်းကပ်လှူကြပြီး နေ့ ဆွမ်းဆက်ကပ်ကြပါတယ်။ လူပုဂ္ဂိုလ်များကိုတော့စာသင်တိုက်ရဲ့  အပေါ်ထပ်အောက်ထပ်မှာ ထမင်းကျွေးပါတယ်။ စီစဉ်သူတွေရဲ့ စေတနာနဲ့  ရည်မှန်းချက်တွေအလုံးစုံ
အောင်မြင်ပြီးမြောက်ခဲ့တဲ့ ကြည်လင်လှပတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်လာတစ်ခုဖြစ်ခဲ့ပြီး တက်ရောက်လာကြသူတွေရဲ့  ချီးမြှင့်ပံ့ပိုးမှုတွေဟာလည်း လေးစားဂုဏ်ယူဖွယ်ကောင်းလှပါတယ်။
ဒီမိုကရေစီရေးလှုပ်ရှားတက်ကြွသူများရဲ့  ဆောင်ရွက်ချက်တချို့ ကို တည်ဆဲအစိုးရအနေနဲ့ အခုလို ခွင့်ပြုလိုက်လျောမှုပေးခဲ့တာဟာ အပေါင်းလက္ခဏာဆန်တဲ့ လက်ခံပူးပေါင်းမှုတစ်ခုလို့  ကျွန်တော်တို့  ယူဆပြီးဒီ့ ထက်ပိုတ၊ဲ့ ဒီ့ ထက် ထိထိမိမိရှိတဲ့ မြန်မာပြည်သူပြည်သားအားလုံး မျှော်လင့်တောင့်တနေကြတဲ့ အရေးကိစ္စတွေကိုလည်း ရှေ့ အနာဂတ်မှာ ဆက်လက်ဆုံးဖြတ်လုပ်ဆောင်ပေးဖို့  လိုအပ်နေပါသေးတယ်။
နောင်နှစ် ၈ လေးလုံးနှစ်ပတ်လည်နေ့ မှာ ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုမင်းဇေယျတို့ နဲ့ 

အတူကျွန်တော်တို့ တတွေ လူစုံတက်စုံ ဆင်နွှဲရလိမ့်မယ်လို့  စူးစူးနစ်နစ်ယုံကြည်လျက်....။
Photo..AP
သတင်း ပေးပို့ ပေးသောကို အောင်မျိုးထွန်း ကျေးဇူးတင်ရှိပါသည်.။