Saturday, July 16, 2011

အင်ဒိုနီးရှား မြောက်ပိုင်း ရိုခွန်(Rokon mountains) မီးတောင် ပေါက်ကွဲ

၂၀၁၁-၇-၁၅
အင်ဒိုနီးရှား မြောက်ပိုင်း စုလ၀ဲစီ(North Sulawesi)ဒေသရှိ ရိုခွန်(Rokon mountains) မီးတောင် (1580 အမြင့် မီတာ)ပေါက် ကွဲမှု နိုင်ငံတော်မီးဘေးဒုက္ခသည် ကယ်ဆယ်ရေး အဖွဲ့ က ၄ ရက်နေ့  ညတွင် ပေါက် ကွဲခဲ့ပြီး အနီးရှိအိမ်ခြေ ၄၀၀၀ ကျော်က လွတ်ကင်းရာသို့  ပြောင်းရွှေ့ နေကြရသည်။ပေါက်ကွဲမှုကြောင့် ဒါဏ် ရာရရှိသူ မရှိသော်လည်း ၁၅းရက်နေ့ အထိ ရွှေ့ ပြောင်းကြသည့် အထဲတွင် ၇၄ နှစ်အရွယ် အမျိုးသား ၂ဦးဆေးရုံတွင် သေဆုံးသွားသည်။
 ရိုခွန်(Rokon mountains) မီးတောင်သည် အင်ဒိုနီးရှား မြောက်ပိုင်း စုလ၀ဲစီ(North Sulawesi)ဒေသ Tomohon တွင်ရှိပြီး မြို့ တော် Manado နှင့်အနီးတွင်ရှိသည်။မီးတောင်ပြာများသည် ၁၅၀၀ မီတာအမြင့် အထိပြန့် လွင့်လျှက်ရှိပြီး ဆက်လက်မီးတောင်ပေါက်ကွဲလျှက်ရှိနေသည်။
ရိုခွန်(Rokon mountains) မီးတောင်သည် ၁၉၉၁ ခုတွင် တကြိမ်ပေါက်ကွဲခဲ့ပြီး ခရီးသွား ဆွီစလန်နိုင်ငံသူ တဦး သေဆုံးခဲ့သည်။