Monday, July 25, 2011

NLD နီုင်ငံရေးသိပ္ပံသင်တန်းဖွင့်ပွဲအခမ်းအနား


NLD နိုင်ငံရေးသိပ္ပံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဇူလိုင်လ(၂၂)ရက် နံနက်(၈)နာရီခွဲက ဌါနချုပ်ဗဟို အစည်းအဝေးခမ်းမမှာ ကျင်းပခဲ့ပါတယ်။ အခမ်းအနား သဘာပတိအဖြစ် ဒုတိယဥက္ကဌဦးတင်ဦးကဆောင်
ရွ​က်ပြီး၊ အခမ်းအနားမှူးအဖြစ် ဗဟိုပြန်ကြားရေးအဖွဲ့ဝင် မအေးအေးငြိမ်းကဆောင်ရွက်ပါတယ်။ပြည်နယ် တိုင်းအသီးသီးက သင်တန်းသားတွေ၊ မိတ်ဖက်နိုင်ငံရေး ပါတီများကသင်တန်းသားတွေ၊ ဗေဒါအခမဲ့ပညာ ဒါနကျောင်းက သင်တန်းသားတွေ၊ အဖွဲ့ချုပ်ဗဟိုလုပ်ငန်းအဖွဲ့​တွေက သင်တန်းသားတွေ စုစုပေါင်း(၇၈)ဦး သင်တန်းကို တက်ရောက်ပါတယ်။သင်တန်းကို တောင်ကိုးရီးယားနိုင်ငံက နိုင်ငံရေးသိပ္ပံပါမောကဖြစ်ကြ
တဲ့ ဒေါက်တာဘရန်ဒန်ဟိုဝဲလ်နဲ့ ဒါက်တာမက်သီရပ်စ်မားစ်တို့က​ ပို့ချပေးကြပါတယ်။ သင်တန်းကာလက ဇူလိုင်(၂၂)ရက်မှ ဇူလိုင်(၂၈)ရက်နေ့ အထိဖြစ်ပြီး ပို့ချမယ့် ဘာသာရပ်တွေကတော့ လူသားမျိုးနွယ် လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်လုံခြုံရေး၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးနည်းပညာနှင့် နိုင်ငံ
တကာဆက်ဆံရေး နိဒါန်းတို့ဖြစ်ကြပါတယ်။
National League for Democracy (NLD Facebook Albums) မှ ပြန်လည်မျှဝေသည် ဇေယျာမင်းထွန်း