Tuesday, July 26, 2011

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးအောင်ကြည်တို့ တွေ့ ဆုံဆွေးနွေးမှု ည၈နာရီ ရုပ်မြင်သံကြားသတင်းတွင် ထုတ်လွှင့်




 
မြန်မာအစိုးရသစ်၏ ဖိတ်ကြားချက်အရဗမာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်
ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည် တို့ ၂၀၁၁ ခု၊ဇူလိုင်လ(၂၅)ရက်နေ့လည်(၁)နာရီအချိန်တွင် ရန်ကုန် တိုင်းဒေသကြီး၊တက္ကသိုလ်ရိပ်သာလမ်းရှိ စိမ်းလဲ့ကန်သာအစိုးရဧည့်ဂေဟာ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးနောက် ပြည်တွင်းပြည်ပသတင်းဌာနများသို့ ပြည်ထောင်စုဝန်ကြီး ဦး
အောင် ကြည်မှ(ပြည်သူလူထုများ ကိုယ်စိတ်နှစ်ပါးချမ်းသာစေရေး အတွက် နှစ်ဦးနှစ်ဖက်ပူးပေါင်းဆောင် ရွက်နိုင်မှု၊ အခွင့်အလမ်းများရရှိနိုင်မှု၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေးကိစ္စ၊
အများပြည်သူ အကျိုးစီးပွါးဖြစ်ထွန်းစေရေးကိစ္စနှင့် သင့်တော်သောနေ့ရက်တို့တွင် ထပ်မံ တွေ့ဆုံပါဦးမည်) ဟုပြော ကြားခဲ့ပြီး၊ဗမာ့ဒီမိုကရေစီဒေါ်အောင်ဆန်းစုကြည်မှ(ဘယ်သူတွေနဲ့ ဘယ်လိုကိစ္စပဲပြောပြောကျမ တို့ရဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံနဲ့တိုင်းပြည်သူပြည်သားများ အကျိုးပြုဖို့အတွက်ကိုပဲ ရည်ရွယ်ပါတယ်) ဟုပြောကြားခဲ့ပါသည်။ ပြည် ထောင်စုဝန်ကြီး ဦးအောင်ကြည်သည် ယခင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုပ်ချုပ်ခဲ့
သော စစ်အစိုးရလက်ထက်တွင် ဗမာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လုပ်ငန်းများ 
ဆက်သွယ်ဆောင်ရွက်ရန်အတွက် ဆက်ဆံရေး ဝန်ကြီးအဖြစ်၂ဝဝ၇အောက်တိုဘာလတွင်စတင်တာဝန် 
ပးအပ်ခြင်းခံရပြီးနောက်ဒေါ်အောင်ဆန်းစုကြည်နှင့်(၉)ကြိမ်တိုင်တိုင်တွေ့ဆုံဆွေးနွေးခဲ့ပြီး၊ ယခုသမ္မတ ဦးသိန်းစိန်၏အစိုးရသစ်တက်ရောက်လာသည့် အချိန်တွင်အစိုးရသစ်နှင့်ပထမဆုံးအကြိမ်စတင်တွေ့ဆုံ 
ဆွေးနွေးမှုဖြစ်သည်ဟုသိရှိရပါသည်။
ည (၈) နာရီ ရုပ်မြင်သံကြား သတင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးအောင်ကြည် တွေ့ဆုံမှုကို သတင်း ထုတ်ပြန်ချက် အပြည့်အစုံ အမေးအဖြေများအပါအ၀င် အရုပ်ကော အသံကော ထုတ်လွှင့်
သွားပါတယ်။