Saturday, July 30, 2011

တိုကျိုမြန်မာသံရုံးရှေ့ အမျိုးသားပြန်လည်သင့်မြတ်
ရေးအတွက် တောင်းဆိုဆန္ဒပြပွဲအခမ်းအနား

မြန်မာနိုင်ငံရဲ့ လက်ရှိလတ်တလော နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသောအခြေအနေမှ
အမြန်ဆုံးလွှတ်မြောက်ရန်အတွက် တွေ့ဆုံဆွေးနွေးရေးသည်မဖြစ်မနေ အမြန်ဆုံးလိုအပ်နေပါသည်။
 အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အမျိုး
သားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲယင်း
အရေးအခင်းအားသင်ပုန်းခြေပြီး နိုင်ငံအတွက်အရေးတကြီးလိုအပ်နေေ
သာ တွေ့ဆုံဆွေးနွေးမှု အမြန်
ဆုံးပေါ်ပေါက်စေရေးအတွက် လက်ရှိစစ်အာဏာပိုင်အစိုးရတို့ကို အ
စဉ်တစိုက် တောင်းဆိုနေပါသည်။
ဂျပန်ရောက်မြန်မာ့ဒီမိုကရေစီအင်
အားစုများမှ လစဉ်(၃၀)ရက်နေ့ မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်း ၉၈ လပြည့် ဆုတောင်းသည့်အခမ်းအနားမှ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တောင်း ဆိုသည့်
ဆန္ဒပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။