၁၉၉၀ ရွေးကောက်ပွဲ တုန်းက အပြတ်အသတ် အနိုင်ရခဲ့တဲ့ အန်အယ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို အာဏာ လွှဲမပေးတာဟာ စစ်တပ်ခေါင်းဆောင်တွေကို တရားစွဲမယ်လို့ အန်အယ်ဒီက ပြောခဲ့လို့ ဖြစ်တယ် ဆိုပြီး လက်ရှိရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောလိုက်ပါတယ်။
အစည်းဝေး နောက်ဆုံးပိတ် မိန့်ခွန်းတွေမှာ အဲဒီလို သူကထည့်သွင်း ပြောသွားခဲ့ကြောင်း အစည်းဝေး တက်ခဲ့တဲ့ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ရဲ့ ဥက္ကဌ ဦးသုဝေက ပြောခဲ့ပါတယ်။
“စစ်တပ်က စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တာတွေကို NLD က တရားစွဲဖို့ လိုအပ်သလား” ဟူသော
မေးမြန်းချက်ကို ဦးကြည်မောင်က “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ” (“Here in Burma We do not need any Nuremberg-style tribunal”) ဟု ပြန်လည်ပြောဆိုခဲ့သည်။
ဒီကိစ္စနဲ့ ပါတ်သက်လို့  ဦးကြည်မောင်ရဲ့  “တို့ မြန်မာပြည်မှာ နျူရင်ဘတ်လို ခုံရုံးမျိုး မလိုပါဘူးကွာ”လို့ ပြော တာကို ဗိုလ်ချုပ်ခင်ညွန့် က ထင်ရောင်ထင်မှားဖြစ်အောင် သတင်းစာရှင်းလင်းပွဲတခုပြုလုပ်စဉ် မှားယွင်းကိုး
ကားခဲ့သည့်အတွက် မိမိတို့ လိုရာကိုဆွဲယူ ထင်မှတ်ခဲ့ခြင်းဖြစ်၍ အနှစ်၂၀ တိုင်သည့်တိုင် လက်ရှိအစိုးရ သစ်၏ နိုင်ငံအုပ်ချုပ်မည့် ထိပ်တန်းခေါင်းဆောင်ကြီးများက အဖြစ်မှန်ကိုပြန်လည်သုံးသပ်ခြင်းမရှိဘဲ ယခု လို ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သမာသမတ်ရှိရှိ ဘက်မလိုက်ဘဲ ဝေဖန်သုံးသပ်ခြင်းမ ရှိဘဲ လက်လွတ်စဖယ် ပြောဆိုခဲ့ခြင်းကို ထိုအချိန်က ကြားသိခဲ့ရသော ပုဂ္ဂိုလ်များအများအပြား သက် ရှိထင်ရှားရှိနေသောကြောင့် အစိုးရသစ်၏လုပ်ရပ်သည် အရှက်ရစရာကောင်းသည်ဟု ဝေဖန်နေကြသည်။
နအဖ အနေဖြင့် ရိုးသားသော သဘောထားရှိခဲ့လျှင် အနိုင်ရပါတီ NLD နှင့် ညှီနိုင်းမှုများပြုလုပ်ရမည်ဖြစ်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် ထိုအချိန်ထဲကပင် သင်ပုန်းချေရေး အာဂါသကင်းစင်ရေး ရန်သူမိတ်
ဆွေ ကြေညာစာတမ်း တွေ့ ဆုံဆွေးနွေးရေး အမျိုးသားပြန်လည်သင့်မြတ်ရေး စသည်တို့ ကို အတိအလင်း ထုတ်ပြန်ခဲ့သည်။ နအဖ အနေဖြင့် မည်သည့်ဆွေးနွေးမှုများကိုမှလက်မခံခဲ့ပေ။ ဗိုလ်ချုပ်မှုးကြီးဦးသန်းရွှေမှ
ဆက်သွယ်ရေးဝန်ကြီးဦးအောင်ကြည်ကို ၂၀၀၇ အောက်တိုဘာလတွင် တာဝန်ပေးခဲ့ပြီးဒေါ်အောင်ဆန်း
စုကြည်နှင့် ယခုအချိန်အထိ ၁၀ ကြိမ်တွေ့ ဆုံခဲ့သော်လည်း ထိုအကြောင်းကိစ္စနှင့်ပါတ်သက်၍ ဆွေးနွေးခဲ့
စုကြည်နှင့် ယခုအချိန်အထိ ၁၀ ကြိမ်တွေ့ ဆုံခဲ့သော်လည်း ထိုအကြောင်းကိစ္စနှင့်ပါတ်သက်၍ ဆွေးနွေးခဲ့
ခြင်းမရှိဘဲ ထိန်ချန်ထားခဲ့သည်။ ၂၀၀၃-၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကိုခေါ်ယူကာ တဖက်သတ်
ရေးဆွဲထားသော အခြေခံဥပဒေများကို တက်ရောက်လာသော လွှတ်တော်အမတ်များအား ဖတ်ပြစေပြီး
အတည်ပြုခဲ့သည်။
ထိုနောက် ၂၀၀၈ ခုနှစ်တွင် အတင်းအဓမ္မ္မပြည်သူ့ ဆန္ဒခံယူပွဲကျင်းပကာ နအဖ ဗိုလ်ချုပ်များဖြင့် ၂၀၁၀ ခုနှစ်တွင် ရွှေးကောက်ပွဲအသစ်တခု ကျင်းပရန်စီစဉ်ကာ မဲလိမ်မဲခိုးများဖြင့် အနိုင်ယူခဲ့သည်။ ၁၉၀၀ပြည့်
ရွေးကောက်ပွဲရလဒ်ကို နှစ်ပေါင်းများစွာ လွှတ်တော်ခေါ်ယူပေးခြင်းမရှိဘဲ ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်
ကရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်အဖွဲ့ ကို အမြန်ဖွဲ့ စည်းခဲ့သည်မှာ စီမံကိန်းဖြင့် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်၍ ရိုးသားမှုမရှိပေ။
ကရက်ပေါင်း ၆၀ အတွင်း လွှတ်တော်ခေါ်ယူပြီး အစိုးရသစ်အဖွဲ့ ကို အမြန်ဖွဲ့ စည်းခဲ့သည်မှာ စီမံကိန်းဖြင့် အကောင်အထည်ဖေါ်ခဲ့ခြင်းဖြစ်၍ ရိုးသားမှုမရှိပေ။
၁၉၉၀ ရွေးကောက်ပွဲအပြီး ဒီမိုကရေစီအစိုးရတရပ်ပေါ်ပေါက်လာရေးကိုနအဖမှလစ်လှူ့ ရှုခဲ့သော
ကြောင့် နောက်ပိုင်း အတန်ကြာမှ ဦးကြည်မောင်၏ ပြောဆိုချက်ဖြစ်ပြီး ထိုအချိန်ကပင် NLD အစိုးရ တရပ်ဖြစ်မှာကိုနအဖမှ စိုးရိမ်မှုများရှိခဲ့သည်။ယခုအချိန်ကျမှ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေး က ပြောဆိုခြင်းသည် ယှတ်တိမရှိ အစိုးရကောင်းတရပ်မဟုတ် ပြည်သူကို လိမ်လည်၍ NLD ကို အဖစ် မရှိအဖစ်ရှာ မမှန်မကန်ပြောဆိုလိုက်ခြင်းဖြစ်သည်။စစ်အာဏာရှင်တို့ ၏ လုပ်ရပ်အားလုံးအောင်မြင်
အောင်လုပ်ပြီး နှစ်ပေါင်း၂၀ ကျော်ကြာမှ ပြောဆိုခြင်းမှာ အစိုးရသစ်သည် ရိုးသားခြင်းမရှိ။ အမျိုးမျိုးကလဖန်ထိုးခဲ့သော အစိုးရသစ်ကို ပြည်သူများအနေဖြင့် မည်သို့ ဆက်လက်ပြီး တိုင်းပြည်၏ အာဏာကို ပေးအပ်နိုင်မည်နည်း။မြန်မာနိုင်ငံ၏ အနာဂတ်သည် ရင်လေးရပေသည် တိုင်းပြည်အုပ်ချုပ် မင်းလုပ်သူများက ပြည်သူကိုလိမ်လည်၍ အုပ်ချုပ်နေသောကြောင့် နှစ်ပေါင်းများစွာ ဒီမိုကရေစီနှင့်
ဝေးနေရခြင်းဖြစ်ပါသည်။