Tuesday, July 12, 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း
စုကြည်နှင့်သားငယ်ကိုထိန်လင်းတို့ မိခင်ကြီးဒေါ်ခင်ကြည်၏
ဂူသချိုင်းသို့ သွားရောက်ဂါဝရပြု

၂၀၁၁ ခုနှစ်၊ဇူလိုင်လ ၁၂ ရက်၊ရန်ကုန်
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သားငယ်ကို ထိန်လင်း(ခ)Kim Aris တို့သည် ဇူလိုင်လ ၁၂ ရက်နေ့နံနက်၇နာရီအချိန်ရန်ကုန်တိုင်း၊ဒဂုံမြို့နယ်ရှိ လေးဆူဓါတ်ပုံ ရွှေတိဂုံစေတီတော်
မြတ်ကြီးအားသွားရောက်ရှိခိုးပူဇော်ဖူးမြှော်ခဲ့ကြပါသည်။ပထမဦးစွာ ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏မွေးနံ
ထောင့်ဖြစ်သော အင်္ဂါထောင့်တွင် လည်းကောင်း၊သူမ၏သားငယ်ဖြစ်သူကိုထိန်လင်း(ခ)Kim Aris၏မွေးနံ
ထောင့်ဖြစ်သော စနေထောင့်တွင်ပန်း၊ရေချမ်းတို့ဖြင့်စေတီတော်မြတ်ကြီးအား ကပ်လှုပူဇော်ခဲ့ကြပါသည်။
မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် နှင့်သားငယ်ကိုထိန်လင်း(ခ)Kim Aris တို့ သည်
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ဒုတိယအကြိမ်မြောက် လာရောက်ပူဇော်ခြင်းဖြစ်ပြီး၊ နေအိမ်အကျယ်ချုပ်မှ
လွတ်မြောက်ပြီးနောက် သားငယ်ကိုထိန်လင်းနဲ့အတူ ပထမဆုံးအကြိမ်ဖြစ်သွားရောက်ဖူးမြှော်ခဲ့ဖူးသည်။ အဲ့ဒီနောက်ဒေါ်အောင်ဆန်းစုကြည်သည် ဖခင်ဖြစ်သူ ဗမာ့လွတ်လပ်ရေးခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင် ဆန်းနှင့်အတူကျဆုံးသွားခဲ့ကြသောအာဇာနည်ကြီးများ၏ ဂူဗိမာန်တည်ရှိရာသားငယ်နှင့် အတူ  အာဇာနည် ကုန်းသို့သွားရောက်၍ဂါရ၀ပြုကန်တော့ခဲ့ပါသည်။ထို့နောက် ရွှေတိဂုံစေတီတော်တောင်ဘက်မုဒ်၊ရွှေတိဂုံ ဘုရားပေါ်ရှိမိခင်ကြီးဒေါ်ခင်ကြည်၏ ဂူသင်္ချိုင်းသို့ သွားရောက်ဂါရ၀ပြုကန်တော့ခဲ့ပါသည်။ ယနေ့နံနက်တွင်ရွှေတိဂုံစေတီတော် ၌ထူးခြားစွာ လုံခြုံရေးအထူးတင်းတင်းကျပ်ကျပ်ချထားခဲ့ပြီး၊သတင်း လာရောက်ယူကြသောသတင်းမီဒီယာများကိုလဲနာမည်များမေး မြန်းခြင်း၊မှတ်ပုံတင်ကဒ်ပြားတောင်းကြည့် မှတ်သားပြီး၊သယ်ဆောင်လာသည့်ဓါတ်ပုံကင်မရာ၊ဗီဒီယိုကင်မရာနှင့် လက်ကိုင်တယ်လီဖုန်းများကိုလဲလုံခြုံရေးများမှမွှေနှောက်ရှာဖွေစစ် ဆေးခဲ့ပါသည်။
အာဇာနည်ကုန်းရှိ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်အတွင်းသို့လဲ ဒေါ်အောင်ဆန်းစုကြည်၊သား
ငယ် ကိုထိန်လင်းနှင့်သူမ၏အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လုံခြုံရေးလူငယ်အနည်းကိုသာဝင်ခွင့်ပြုခဲ့ပြီး၊
သတင်းမှတ်တမ်းလာရောက်ယူကြသောပြည်တွင်း၊ ပြည်ပသတင်းဌာနမှသတင်း သမားကိုမူသတင်းဝင်
ရောက်ယူခွင့်လုံးဝမပေးပဲတင်းကြပ်စွာတားမြစ်ထားကြောင်းသိရှိရပါသည်။စစ်အစိုးရအုပ်ချုပ်မှုကုန်ဆုံးပြီး 
နောက်၊ယခုလက်ရှိအရပ်သားအစိုးရအုပ်ချုပ်နေစဉ်တွင်လဲလွတ်လပ်စစ်မှန်သော ဒီမိုကရေစီလူ့အခွင့် အရေးကိုမရရှိသေးကြောင်း၊နိုင်ငံတကာနှင့်အညီ စာပေ၊ အနုပညာ၊ သတင်းမီဒီယာလွတ်လပ်ခွင့်လဲ မရရှိ
သေးကြောင်းကို ထင်ထင်ရှားရှားတွေ့မြင်နေရပါသည်ဟု သတင်းရရှိပါသည်။