Saturday, June 18, 2011
အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် မွေးနေ့ ဆုတောင်း
၂၀၁၁-၆-၁၈
ပရဟိတ ဆိုတာ
( သုံးလူ့ မျက်ဖျော် ၊စိန္တေယျော်ကား၊ လောင်းတော်ဘ၀၊ ထိုကာလ၀ယ်၊ ဗြဟ္မာ့ဘုံတစ်လျှောက်၊
ကြိမ်ကြိမ် ရောက်လည်း၊ များမြောက်လူ့ ဗိုလ်၊ ကယ်တင်လို၍၊ ထိုထိုမြင့်ကြာ၊ ကမ္ဘာကမ္ဘာဟု၊ ဗြဟ္မာသမ္ပတ္တိ ၊ဆုံးတိုင် ထိအောင်၊သတိပြဋ္ဌာန်း၊ မစံမြန်းဘဲ၊ စိတ်မှန်းစုတေ၊ သက်တော်ချွေ၍၊ လူ့ မြေဌာနီ၊ သန္ဓေမှီလျက်၊ ပါရမီစာဂ၊ စရိယကို၊ ဘ၀ဆက်ကာ၊ ဖြည့်ခဲ့ပါသား၊မြတ်စွာရှင်စော၊ ဒယဇောသည်၊ အဟော အံ့မကုန် တကား။)
လူ နတ် ဗြဟ္မာ လောကသုံးပါးမှာ အတ္တသမားချည်းပဲဆိုတော့ သူတပါးအတွက်ဖြစ်စေ အများအတွက်ဖြစ်
စေ မိမိကအနစ်နာခံပါတယ်ဆိုရင် မယုံချင်ကြတာ ဓမ္မတာလိုဖြစ်နေပြီး။ ဒါကြောင့်နေရာတ ကာတိုင်းမှာ ကိုယ်နှင့်နှိုင်းမရိုင်း ဆိုတဲ့ စိတ်ရိုင်း စိတ်ယုတ် စိတ်ညံမျိုးထားလို့  မဖြစ်သေးဘူး၊ မဟာသမုဒ္ဒရာထဲမှ ပုလဲကောင်းတွက်သလို၊ နှစ်သိန်းလေးသောင်းအထုရှိတဲ့ မဟာပထ၀ီထဲမှ ရွှေထွက်သလို၊ တောင်
စဉ် ၇ထပ်မှ မနောမယပတ္တမြားထွက်သလို လူပေါင်း အသိန်းအသန်းမှ စေသနာရှင် ကုသိုလ်ရှင် ပေါ်ထွက် လာတာကိုလည်း သတိပြုကြရမယ်။
သတ္တ၀ါတွေ (လောကကြီးထဲမှာ လူ နတ် ဗြဟ္မာ တိရိစ္ဆန်တွေပါမကျန်) အပူမီး ၁၁ မီးတောက်လောင်နေ တာကြောင့် အမှတ်မထင် ကျူးလွန်နေတာကို အမှန်ထင်ပြီး စာနာဂယုနာစိတ် ကင်းမဲ့နေကြတာကို
ဘုရားဆုကိုမပန်တောင် ဂီဟိဝိနာယ လူကျင့်ကျင့်ရမယ့်လုပ်ငန်းဟူ၍ တွံ- သင်သည်၊ ဂဏှာဟိ-မှတ်လေ လော။
ကျေးဇူးရှင်ဆရာတော်ကြီး 
ဦးဝိစိတ္တသာရဘိဝံသက ရေးသားတော်မှုခဲ့သည်။
 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အခါသမယမှာ မင်္ဂအပေါင်းနဲ ပြည့်စုံပြီး အမိမြန်မာနိုင်ငံ၏ သာသနာအကျိုး တိုင်းပြည်အကျိုး လူမျိုးအကျိုးနဲ့ 
ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူသားတို့ ၏ အကျိုး (ပရဟိတလုပ်ငန်းများ )ဆောင်ရွက်နိုင်ကာ အသက် ၁၀၀ ကျော်ရှည်ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါသည်။
လူထုအော်သံ