Tuesday, June 21, 2011

ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ ဆုတောင်း

၂၀၁၁-၆-၁၉
ကျမရဲ့ မွေးနေ့ ကို လာရောက်ဆုတောင်းပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့  ပထဆုံး ပြောပါ ရစေ။ မွေးနေ့ တခုကိုဖြတ်သန်းသွားပြီလို့ ဆိုလို့ ရှိရင် တနှစ်တနှစ်ပြီးသွားပြီလို့  အဓိပ္ပါယ်ရှိပါတယ်။ လူ တယောက်ဟာ အသက်ကြီးလာတာနဲ့ အမျှ တကယ်ပဲ ကိုယ့်ရဲ့ ပါတ်ဝန်းကျင်ကလူတွေကို အကျိုးပြု နိုင်သလားဆိုတာကို ပြန်ပြီးတော့ သုံးသပ်ဖို့ လိုပါတယ်။ကျမအနေနဲ့ ကတော့ အခုလိုလာရောက်ပြီး ကူညီကျတဲ့လူတွေကို ကျမတို့ နိုင်ငံသာမက တခြားနိုင်ငံမှလည်း ကမ္ဘာသူ ကမ္ဘာသားတွေအတွက် လုပ်နိုင်ဖို့  ကျမကျိုးစားနေပါတယ်။
အခုအချိန်မှာ အရေးကြီးတာက ငြိမ်းချမ်းရေးဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်ပဲ ကျမတို့ နိုင်ငံမှာဆို လို့ ရှိရင် စစ်မီးစကပြန်ပြီးတော့ ပွားလာနေတဲ့သဘောမျိုးရှိပါတယ်။ ဒါကြောင်မို့ လို့  ဒီနေ့ ကျမရဲ့
မွေးနေ့ မှာ အလေးထားပြီး ပြောချင်ပါတယ် ကျမရဲ့ မွေးနေ့ ဆုတောင်း ဘာလိုချင်သလဲဆိုရင် ကျမ  တို့ နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးဆေးဆေး သာသာယာယာနဲ့  ၀၀ပြောပြောနေနိုင်ဖို့ အတွက် နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့  သာယာဖို့ ဆိုတာ ပထမဆုံးတော့ ငြိမ်းချမ်းဖို့ လိုပါတယ်။ ကျမရဲ့ မွေးနေ့  ဆုတောင်းကတော့ အားလုံးငြိမ်းချမ်းကြပါစေလို့  ဆုတောင်းပါတယ်။ ဒီလိုငြိမ်းချမ်းဖို့ ကို ဒါဟာ ကျမ တယောက်ထဲလုပ်ဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး ကျမတို့ တဖွဲ့ တည်းက လုပ်လို့ လဲ မဖြစ်နိုင်ဘူး။ အား လုံးကလုပ်ပေးမှ ဖြစ်မှာပါ။အဲ့ဒါကြောင့်မို့ လို့  ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံးကနေပြီးတော့ ၀ိုင်းဝန်းပြီးကူညီကြပါလို့  မေတ္တာရပ်ခံချင်ပါတယ်။ ကျမတို့ နိုင်ငံ ငြိမ်းချမ်းတဲ့အခါကျမှ တခြားကိစ္စတွေကို တဆင့်ပြီးတဆင့် သွားနိုင်မှာပါ။ အားလုံး သိတဲ့အတိုင်းပဲ ကျမတို့ ဟာ အနှစ် ၂၀ကျော်လာပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့  ကျမတို့ နိုင်ငံ တိုးတက်သာယာရေးအတွက် ကျိုးစားခဲ့ပါတယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုတာဟာလဲ  ငြိမ်းချမ်းရေးမရှိလို့ မဖြစ်ပါဘူး ငြိမ်းချမ်းရေးဟာ ပထမခြေ လှမ်းပါပဲ ကျမတို့ ငြိမ်းချမ်းရေးရဖို့  အားလုံးကူညီကြပါ။ တခြားမွေးနေ့ လက်ဆောင်တွေ ဘာတွေဟာ အရေးမကြီးပါဘူး တကယ်အရေးကြီးတဲ့ လက်ဆောင်က ဘာလဲဆိုတော့ ကျမတို့  နိုင်ငံမှာ ငြိမ်းချမ်း ရေးရစေမဲ့ စိတ်ထားတွေ တဦးက တဦးကို ပွားပေးကြပါ။ တချို့ ကပြောမယ်ပေါ့ ကျမကနေပြီးတော့ ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့  ကျွန်တော်တို့ က ဘယ်လိုကူညီပေးနိုင်မှာလဲ ကျမတို့ က ဘယ်လို ကူညီပေးနိုင်မှာလဲလို့  မေးကြတယ် မေးကြလေ့ရှိတယ်။ ကိုယ့်စိတ်ထဲက ကမ္ဘာကြီးမှာဖြစ်သမျှ ကိစ္စဟာ စိတ်ထဲကနေပြီးတော့ စရမှာပဲ။ ကမ္ဘာကြီးမှာ တကယ်ဖြစ်ခဲ့တဲ့ အပြောင်းအလဲတွေဟာ လူသားတွေရဲ့  အတွေးအခေါ်က စခဲ့တာပဲ။  ဒီအတွေးအခေါ်တွေ ပြောင်းလဲမှလည်း ကမ္ဘာကြီး ပြောင်းလဲမှာဖြစ်တယ် လူတယောက်ခြင်း တယောက်ခြင်းက ငြိမ်းချမ်းရေးဘက်ကိုဦးတည်မဲ့ အတွေးအခေါ်တွေကို ပြုစုပြိုးထောင်မယ်ဆိုရင် ကျမတို့ နိုင်ငံတွင်မက တကမ္ဘာလုံး ငြိမ်းချမ်းရေးရနိုင်မှာဖြစ်ပါတယ်။
အဲ့ဒါကြောင့်မို့ လို့  အခုကျမမွေးနေ့ ကို မြန်မာနိုင်ငံအမျိုးသမီးများနေ့ လို့  သတ်မှတ်ကြပါတယ်။ အမျိုး သမီးတွေဟာ အမျိုးသားတွေထက်ပိုပြီး ငြိမ်းချမ်းရေးကို လိုလားမယ်လို့ ထင်ပါတယ်။ ဘာဖြစ်လို့ လဲ ဆိုတော့ စစ်တွေဖြစ်ပြီ အကြမ်းဖက်မှုတွေဖြစ်ပြီ ဆိုလို့ ရှိရင် ပထမဦးဆုံး အများဆုံးဒဏ်ခံရတာက တော့ အမျိုးသမီးနဲ့  ခလေးငယ်တွေဖြစ်တယ်ဆိုတာ အားလုံး တကမ္ဘာလုံးက အသိအမှတ်ပြုထားတဲ့ အချက်တခုဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့  အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးဘက်ကို အားသန်ပါတယ်။
ငြိမ်းချမ်းရေး ဘယ်လောက်လိုလားတယ် ဘယ်လောက်လိုအပ်တယ်ဆိုတာလဲ ကောင်းကောင်းနား လည်ကြပါတယ်။ ဒါကြောင့် အမျိုးသမီးများနေ့ လို့ ဆိုတဲ့ ကျမမွေးနေ့ မှ စပြီးတော့ နှစ်ပေါင်းများစွာ နှစ်အဆက်ဆက် ခေတ်အဆက်ဆက် ကျမတို့ နိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ အတွက် အားလုံးဝိုင်းဝန်း ကူညီအားပေးကြပါလို့  ကျမမေတ္တာရပ်ခံချင်ပါတယ်။
မွေးနေ့ ရှင်ဟာ စကားရှည်ရှည်ပြောနေရင်လည်း မကောင်းပါဘူး။ကိုယ်လိုချင်တဲ့ဆုကို တောင်းပေး ရင်လည်း ဒါဟာ ပြီးလောက်ပါတယ်။ ကျမလိုချင်တဲ့ ဆုကတော့ဒါပါပဲ။ ကျမနိုင်ငံမှာ ငြိမ်းချမ်းရေးရ ချင်တယ် ငြိမ်းချမ်းရေးမှတဆင့် ကျမတို့ နိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်ပြီးတော့ အဲ့ဒီမှတဆင့် ပြည်သူပြည်သားများ လိုလားတဲ့ စနစ်တခု ဒီနှိင်ငံမှာ ခိုင်ခိုင်မာမာ အမြစ်တွယ်နိုင်အောင်လို့  အဲ့တာ အတွက်ပဲ ၀ိုင်းပြီးတော့ ဆုတောင်းပေးကြပါ။ကျမတို့ နိုင်ငံကနေအစ တကမ္ဘာလုံးမှာလည်း ငြိမ်းချမ်း ရေး သာယာရေး ချမ်သာရေး အားလုံးရနိုင်ပါစေလို့  ကျမနှင့်အတူ ဆုတောင်းပေးကြပါလို ပြောရင်း နဲ နိဂုံးချုပ်ပါယ်။
ကျေးဇူးတင်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်