Friday, June 24, 2011

ဆလိုင်းကိုတင်မောင်ဦး ကွယ်လွန်ခြင်း (၃၅) နှစ် မြောက် အောက်မေ့ဂုဏ်ပြုသည့် အခမ်းအနားကျင်းပမည်။

၂၀၁၁-၆-၂၄
မဆလစစ်အစိုးရ၏ မတရားကြိုးပေးသတ်ခြင်း ကိုခံရသော ကျောင်းသားအာဇာနည် ခေါင်းဆောင်ကြီး ဆလိုင်းကိုတင်မောင်ဦး ကွယ်လွန်ခြင်း (၃၅) နှစ်မြောက် အောက်မေ့ဂုဏ်ပြုသည့် အခမ်းအနားကို ကျန်ရစ်သူမိသားစုမှ ဦးဆောင်ကာ ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့တွင် ဇွန်လ ၂၅ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည်ဖြစ်ကြောင်း ကျန်ရစ်သူမိသားစုထံမှ သိရသည်။
အဆိုပါအခမ်းအနားသို့ Special Speakers များအဖြစ်- U Aung Saw Oo (USA),  Salai Kipp Kho Lian (Germany),  U Htun Aung Gyaw (USA),  U Aung Htoo (Sweden),  Dr. Darlene Collins (USA),  Ko Ko Lay (USA)များမှ ကြုံတွေ့ဖြတ်သန်းခဲ့ရသော ဆလိုင်းတင်မောင်ဦး၏အကြောင်းကို ဝေငှပြောဆိုကြမည်ဖြစ်သည်။