Tuesday, June 21, 2011

စနစ်ဆိုးကြောင့် ပြည်သူပြည်သားများ၏ အသက်အိုးအိမ်ကို ကွယ်နိုင်စွမ်းမရှိ

 ၂၀၁၁-၆-၂၁
မြန်မာနိုင်ငံတွင် အသက် ၆၀ နှစ်အထက် သက်ကြီးရွယ်အို ခန့်မှန်းအရေအတွက်ငါးသန်းကျော်ရှိနေ၊
သက်ကြီးရွယ်အို များအတွက် သင့်တော်သည့် အလုပ်အကိုင် နှင့် ၀င်ငွေဖန်တီးနိုင်မှု အရေးပါလာသည်
ဟုပြည်တွင်းသတင်းဂျာနယ်မှ ဖေါ်ပြ ထားသည်။သက်ကြီးရွယ်အိုများအတွက် သင့်တော်သည့်အလုပ်အကိုင်
နှင့် ၀င်ငွေ ဖန်တီးပေးနိုင်ရေးမှာလည်း သက်ကြီး ရွယ်အိုများ ရရှိခံစားနိုင်သည့် အခြေခံ အခွင့်အရေးများ
တွင် ပါဝင်နေပြီး တင်းပြည့်ကျပ်ပြည့်ရရှိအောင် ဖော်ဆောင်ပေးရမည့် လိုအပ်ချက်တစ်ရပ်ဖြစ်သည်ဟု
နေပြည်တော်တွင် ပြီးခဲ့သည့် မေလကုန်ပိုင်း က ကျင်းပခဲ့သည့် အာဆီယံ-ကိုရီးယား အိမ်တိုင်ရာရောက် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်း သုံးသပ်ခြင်းနှင့် အတွေ့အကြုံ ဖလှယ်ခြင်းဆိုင်ရာအလုပ်ရုံ
ဆွေးနွေးပွဲမှဆွေးနွေး ချက်များအရ သိရသည်။
 ကမ္ဘာနှင့်တစ်ဝန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍ မြင့်တက်နေမှု၊ လူနေမှုဘ၀ တိုးတက်
ကောင်းမွန်လာမှုကြောင့် မွေးဖွားနှုန်းတိုးနေပြီး လူ့သက်တမ်းမှာလည်း တိုးတက်လျက်ရှိရာ လက်ရှိတွင် ကမ္ဘာသက်ကြီးရွယ်အိုဦးရေသည် ကမ္ဘာ့လူဦးရေ ၏ ၉ ပုံ ၁ ပုံသို့ ရောက်ရှိနေပြီဖြစ်ပြီး ၂၀၀၆ ခုနှစ်က ကမ္ဘာတစ်ဝန်းတွင် အသက် ၆၀ နှင့်အထက် လူဦးရေမှာ သန်း ၅၀၀ သာ ရှိခဲ့သော်လည်း လာမည့် ၂၀၅၀ ပြည့်နှစ်တွင် သန်း ၂၀၀၀ အထိတိုးလာမည်ဟု လူဦးရေပညာရှင်များက ခန့်မှန်းထားကြသည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေသည်  စစ်အာဏာရှင်စနစ်မှ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီစနစ်သို့ 
အသွင်ကူးပြောင်းခဲ့ပြီး စစ်မှန်သည့်ဒီမိုကရေစီစနစ်သို့ ကူပြောင်းရန် အစိုးရသစ်မှ တွန့် ဆုတ်နေကြသည်။
  ပြည်သူ့ လွတ်တော်ဟုပေါ်ပေါက်ခဲ့သော်လည်း လွတ်တော်အတွင်း တိုင်းပြည်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု များကိုပင် ထောက်ခံမှုမရရှိဘဲ အဆိုတင်သွင်းမှုကို ကန့် ကွက်မဲများဖြင့်ပယ်ချခဲ့သည်။ ထိုကြောင့်တိုင်းပြည် သည် တိုင်းရင်းသားဒေသအသီးသီ၌ လက်ရှိအစိုးရသစ်၏တပ်များက ထိုးစစ်ဆင်နေသောကြောင့် ကချင်
ပြည်နယ်တွင်း စစ်ပွဲများဖြစ်နေပြီး ပြည်တွင်းစစ်မီးတောက်လောင်နေကာ သက်ကြီးရွယ်အိုများ အမျိုးသမီး များ ကလေးငယ်များ စစ်ပြေးဒက္ခသည်များ ပိုမိုများပြားလာနေပြီး တိုင်းပြည်သည် အန္တရယ်ကြီးမားလာနေ သည်။ပြည်တွင်းငြိမ်းချမ်းရေးမတည်ဆောက်နိုင်ပါက ဒေသတွင်းပြဿနာများကြီးထွားလာပြီး နိုင်ငံတည်ငြိမ်
အေးချမ်းမှုမရနိုင်ပေ။ အခြေခံကျသော လွတ်လပ်မှုနှင့်လူ့ အခွင့်အရေးများဆုံးရှုံးနေလျှင် တိုင်းပြည်ဖွံ့ ဖြိုး
တိုးတက်ရန်မလွယ်ကူသောကြောင့် လူမှုအဆောက်အအုံးများလည်းနှိမ့်ကျနေရသည်။ တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်မှ လူနေမှုအဆင့်အတန်းမြင့်တက်လာမှာဖြစ်ပြီး သက်ကြီးရွယ်အိုများနှင့် ကလေးသူ ငယ်များကိုဆောက်ရှောက်ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။အဓိကသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသား ရင်ကြားစေ့ရေးသည် မြန်မာနိုင်ငံအတွက် မဖြစ်မနေအမြန်ဆုံးအကောင်အထည်ဖေါ်သင့်သည်။