၂၀၁၁-၃-၂၁ KYODOU သတင်း
North Yemen တွင် ၃၂ နှစ်ကြာအာဏာသိမ်းထားသော President Saleh သမတသည် အစိုးရအဖွဲ့ ဆင်း ပေးမည်ဟု အစိုးရပိုင် Saba သတင်းဌာနမှပြောကြားခဲ့ပြီး။ သို့ သော်လည်း နောက်အစိုးရမတက်မီ အာဏာ ကိုယာယီ ဆက်လက်ထိမ်း သိမ်းထားမည်ဟု ပြောဆိုခဲ့ရာ ယခုအခြေအနေအထိ လူ့ အခွင့်အရေးဝန်ကြီးနှင့်ဟောတယ်နှင့်ခရီးသွားလာရေးဝန်ကြီးတို့ က တောင်းဆိုဆန္ဒပြပြည်သူများအပေါ် ဖိနှိမ်မှုများ ကြောင့် နှုတ်ထွက်ခဲ့ပြီး ပြည်သူနှင့်ပူးပေါင်းခဲ့သည်။ Saleh သမတဆင်းပေးရရန် တောင်းဆိုသည့် ဆန္ဒပြမှု များ တနိုင်ငံလုံးပြန့် နှံနေပြီး လုံခြုံရေးတပ်နှင့် အာဏာရှင်ဖြုတ်ချရေး ဆန္ဒပြသူများအခြား ထိခိုက်မှုများရှိ နေသည်။ ၁၈ ရက်နေ့ ကလည်း လုံခြုံရေးတပ်နှင့် ဆန္ဒပြသူများ ထိပ်တိုက်ရင်ဆိုင်ခဲ့ရာ လုံခြုံရေးတပ်၏ ပစ်ခတ်မှုကြောင့် ၅၂ ဦးသေဆုံးခဲ့ရ၍ နိုင်ငံတကာ၏ ဝေဖန်ကန့် ကွက်မှုများတိုးပွားလာနေသည်။
မြောက်အာဖရိကနှင့် အရှေ့ အလည်ဗျား ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတောင်းဆိုမှုများသည် ၂၀၁၁ နှစ်တွင် နိုင်ငံအသီသီးသို့  ကူးဆက်လာနေပြီး လူသားတို့ ၏ ရသင့်ရထိုက်သော အခွင့်အရေးများကို ကမ္ဘာက မျက်စိမှိက်မနေနိုင်တော့ဘဲ ၂၁ ရာစု၏ ဒီမိုကရေစီ ရေစီးကြောင်းကို အာဏာရှင်တို့  ပိတ်ပင်ထား
၍ မရနိုင်ကြောင်း ယခုဖြစ်ပေါ်နေသော ကမ္ဘာကုလသမဂ္ဂ လုံချုံရေးကောင်စီ ဆုံးဖြတ်ချက်၏ NATO နိုင်ငံ တကာတပ်များက အကောင်အထည်ပေါ်နေသည်။ မြန်မာနိုင်ငံ၏ ပြည်သူပြည်သားများအကြိုးကို မျှော်ကိုး ၍ ငြိမ်းချမ်းစွာဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဒေါ်အောင်ဆန်းစုကြည်မှ ဖေါ်ဆောင်နေသော လည်း အကြိမ်ကြိမ် လျုစ်လှူ့ ရှုနေသော မြန်မာအာဏာရှင်များအဖို့  ရှေ့ ဆက်ဖြစ်ပေါ်လာမည့် ဒီမိုက ရေစီလှုပ်ရှားမှုများက သက်သေထူတော့မည်။