Friday, March 18, 2011

FUKUSHIMA ပတ်ဝန်းကျင်တွင်ရှိသော ပြည်သူများပြောင်းရွေ့ နေ

2011-3-17         12း00
ဂျပန်နိုင်ငံ လျှပ်စစ်ဓာတ်အားပေးစက် (၃)အပူမြင့်ပြီး အပူငွေများတွက်နေသည့်အတွက်ကြောင့်  အပူချိန်လျော့ချရန် လေပြင်မှ ရဟတ်ယဉ်ဖြင့် ၄ကြိမ်ရေဖျန်းခြင်းများပြုလုပ်ခဲ့ပြီး အသုံးပြုပြီးသော နျူကလီးယားများ သိုလောင်ထားသောကန်အတွင်း အပူချိန်ကြောင့် ရေခမ်းချောက်ခြင်းများဖြစ်ကာ ရေဖြည့်ရန် ရဲနှင့်စစ်တပ်မှတာဝန်ယူကာ ပေါက်ကွဲမှုအန္တရယ်များကြားမှ ရေဖျန်း၍ဆောင်ရွက်လျက်ရှိခဲ့ရာ နိုင်ငံခြားသတင်း မီဒီယာများ၏ စိုးရိမ်မှုများကို ဖေါ်ပြနေပြီး မိမိတို့ ၏ နိုင်ငံသားများကို လွတ်ကင်းသောဝေး ရာသို့ ရှောင်ရှာရန်ဖေါ်ပြနေသောကြောင့် အမေရီကန်နိုင်ငံမှ လွတ်ကင်းရာသို့ ပြည်သူများ သွားနိုင်ရန်စီစဉ်သင့်သည်ဟု သတင်းများတွက်ပေါ်လာခဲ့ပြီး FUKUSHIMA
ပတ်ဝန်းကျင်တွင်နေထိုင်ကျသော ပြည်သူများကို လွတ်ကင်းရာသို့ ရွေ့ ပြောင်းရန် အစိုးရမှမနက်ဖန်စီစဉ် ထားသည်ဟု သတင်းဌာနများမှပြောကြားခဲ့ရာ ပြည်သူများ ယနေ့ ပင်လျင် ဝေးရာ မြို့ အသီးသီးသို့ ပြောင်း ရွေ့ နေကြပြီး မြို့ နယ်အသီးသီးမှ ကယ်ဆယ်ရေးစခန်းများဖွင့်လစ်လက်ခံလျက်ရှိပြီး။
ငလျင်ဒုက္ခသည်များသည် ဓါတ်ဆီပြတ်လပ်မှုကြောင့် အပူပေးစက်များအသုံးပြုရန်အခက်အခဲများနှင့် အရေးပေါ်အချိန်မျိုးတွင် ကားရှိသော်လည် ဓါတ်ဆီပြတ်လပ်မှုကြောင့် ဒုက္ခကြုံတွေနေရသည်။  ပြည်တွင်းလျပ်စစ် ဓာတ်အား ပြတ်တောက်မည့်အနေအထားများကိုလည်း သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကြေညာထားသော ကြောင့် ရထားများ အစင်းရေလျော့ပြေးဆွဲခဲ့ရသည့်အတွက် တိုကျိုရှိဘူတာရုံများတွင် အလုပ်ပြန်ပြည်သူ များ ရာသီဥတု ဆိုးဝါးနေသောကြားမှ ၁နာရီကျော်ဆောင့်ဆိုင်းနေရသည်အခက်အခဲ များရှိနေ သည်ဟုသိရှိရသည်။