011-03-14
ပါတီရဲ့ အနာဂတ်ထက် တိုင်းပြည်ရဲ့ အနာဂတ်နဲ့ ဒီမိုကရေစီ ရရှိရေးက ပိုပြီး အရေးကြီးတယ်လို့ မတ်လ ၁၄ ရက် ဒီကနေ့ မကွေးတိုင်း စည်းရုံးရေး အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့ကြောင်း သိရပါတယ်။ဒီကနေ့ မနက် ၁၀ နာရီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရုံး အစည်းအဝေးခန်းမမှာ ကျင်းပခဲ့တဲ့ NLD ပါတီ ဗဟို ကော်မတီဝင်တွေနဲ့ မကွေးတိုင်း တိုင်းစည်း အဖွဲ့ဝင်တွေ ညနေ ၄နာရီအထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ မနက်ပိုင်း အစည်းအဝေး ဖွင့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားနဲ့ ပတ်သက်ပြီး ပါတီပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ခုလို RFA ကို ပြောပါတယ်။
