2011-3-11
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက်မဟုတ်ဘဲ ဒီမိုကရေစီ တည်ဆောက်ပေးရေးအတွက် ကြိုးစားနေတဲ့ ပါတီသာဖြစ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးအတွက် NLD ပါတီထက်ပိုပြီးလုပ်နိုင်တဲ့ အဖွဲ့အစည်းပေါ်လာရင် ဒီအဖွဲ့ကို ၀ိုင်းရံကြရမယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ NLD ရုံးချုပ်ရှိရာ ရွေဂုံတိုင်မှာ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မန္တလေးတိုင်း NLD စည်းရုံးရေးမှူးတွေ တွေ့ဆုံစဉ်မှာ အခုလိုပြောလိုက်တာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
