၂၀၁၁-၃-၁၈ ပြင်သစ်အသံလွှင့်ဌာန ၉း၄၅
ဆီးဒီယား နေရာအနှံတွင် ဆန္ဒပြမှုများဖြစ်ပေါ်နေရာ ၄ယောက်သေဆုံးခဲ့သည်။ဖခင်မှအာဏာဆက်ခံ ခဲ့သော သမတ Bashar al-Assad ဘရှယား အာဇာတ်၏ Syria တွင် ၁၈ ရက်နေ့ က ဆန္ဒပြမှုများဖြစ် ပေါ်ခဲ့သည်ဟု ပြင်သစ် AFP အသံလွှင့်ဌာနကကြေညာခဲ့သည်။ Deraa မြို့ တွင် လုံခြုံရေးတပ်နှင့်ဆန္ဒပြ အရပ်သားများထိပ် ထိုက်ရင်ဆိုင်ခဲ့ပြီး သေဆုံးမှုများနှင့် ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ Tunisia တွင် ၁လပိုင်း အစိုးရအပြောင်းအလဲများ ရှိခဲ့သော်လည်း Syria လုံခြုံရေးတပ်နှင့်ဆန္ဒပြအရပ်သားများထိပ် ထိုက်ရင်ဆိုင်ခဲ့ပြီး သေဆုံးမှုများကို ထုတ်ဖေါ်ခဲ့တာ ပထဆုံးဖြစ်ပါတယ်။

Syria ၏ "Face Book" Side တွင် (သက်ကြီးပူဇော်ပွဲ)နေ့ ၌ ဆန္ဒပြကြမည်ဟု နှိုးဆော်ထားသော ကြောင့် ပြည်သူများတွက်၍ ဆန္ဒပြခဲ့ရာ Deraa နိုင်ငံပိုင် TV ကိုအသုံးပြု၍ ဆန္ဒပြမှုကိုမလိုလားသော
အဖွဲ့ မှ လူကွဲသွားအောင် တန်ပြန်ဆန္ဒပြခဲ့၍ အကောင်အထည်မပေါ်ခဲ့ပေ။
မြို့ တော် Damascus တွင်လည်း သောကြာနေ့ က ၀တ်ပြုဆင်လာချိန်တွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ကနှိမ်နှင်းခဲ့၍ လူစုကွဲခဲ့သည်။ Homs တွင်လည်း ဆန္ဒပြမှုဖြစ်ပေါ်နေသည်။ ဆန္ဒပြသူ ၁၀ ဦး ထိမ်းသိမ်းခံရသည်။
ဒီမိုကရေစီနှင့်လူ့ အခွင့်အရေးတောင်းဆိုမှုများ အရှေ့ အလယ်ဖျားနှင့် အာဖရိကတခွင်ပြန်နှံနေပြီးလွတ်လပ်မှုကိုလူသားတို့  အလွန်လိုလားလာကြကာ သွေးထွက်သံရိုမှုများကြီးမားနေပြီး အာဏာရှင်တို့  ထိမ်းမနိုင်သိမ်းမရဖြစ်နေရသည့် အချိန်တွင် အာရပ်ကမ္ဘာလည်းစိုးရိမ်ကြီးနေကြသည်။ မြန်မာနိုငံ ဒီမိုကရေစီအရေးသည် ငြိမ်အေးနေသည်မဟုတ် ကမ္ဘာကြီး၏ ပြောင်လဲမှုကိုစောင့်ကြည်နေပြီး အခွင့်အရေးရမည့်အချိန်ကို စောင့်ဆိုင်းနေသည်ဟုသိရှိရသည်။