၂၀၁၁-၃-၁၃
ငလျင်ခန့် မှန်းသော ပညာရှင်များ၏ ဝေဖန်သုံးသပ်ချက်နှင့် ဂျပန်အစိုးရ၏ မိုးလေ၀သနှင့်ရာသီဥတု တိုင်းတာ ရေးစခန်း၏ ပြောကြားချက်အရ လည်းကောင်း ငလျင်သည်ကြီးမားသောငလျင်ကြီးဖြစ်ကြောင်း ၉.၀ ရှိနိုင် ကြောင်း ဆက်လက်၍လည်း ဆက်တိုက်လှုပ်နေသော ငလျင်ကြောင့် ၇.၀ ငလျင်ကြီးထပ်လှုပ်နိုင်ကြောင်း ငလျင်တိုင်းတာရေးနှင့် ငလျင်လေ့လာသူများက သုံးသပ်နေကြသည်။ တလအတွင်း ကြီးမားသည့်ငလျင် ထပ်လာနိုင်ကြောင်း ယခုဖြစ်ပွားခဲ့သောငလျင်က ကြီးမားသော စုနားမိ ကျရောက်ခဲ့ပြီး သေဆုံးသူ ၁၀၀၀ နှင့်ပျောက်ဆုံးသူ ထောင်နှင့်ချီ၍ရှိနေပြီး ယခုအချိန်အထိ အတိအကျတွက်ချက်၍မရနိုင်သေးကြောင်း ဆက်သွယ်၍မရသေးသော နေရာများရှိနေသေးကြောင်း သတင်းများအရသိရှိရသည်။
