Wednesday, March 16, 2011
၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရုံးတွင် ပညာဒါနတစ်ခု
ပေးပို့ သူ ဒီမိုဝေယံအားကျေးဇူးတင်ရှိပါသည်။
နွေရာသီ ကျောင်းပိတ်ရက်များအတွင်း ကလေးများအား အင်္ဂလိပ်စာ တိုးတက်မှုရရှိစေရန်ရည်ရွယ်ကာ အင်းစိန်မြို့ နယ် ၊အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ရုံးတွင် ပညာဒါနတစ်ခုကို 15-3-2011 ရက်နေ့ နေ့လည် (၃)နာရီတွင် စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါတယ်။
အဆိုပါ ပညာဒါန အစီအစဉ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၏ လူငယ်များပညာရေးတိုးတက်စေရန်ရည်ရွယ်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကာ အဆိုပါဖွင့်ပွဲသို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဝင် ဦးဝင်းတင် တက်ရောက်ကာ အဖွင့်အမှာစကားပြောကြားခဲံပါတယ်။
ယနေ့ ဖွင့်လှစ်လိုက်သော ပညာဒါနမှာ ပဉ္စမတန်းမှ အဌမတန်းထိ ကလေးငယ်များအား အခြေခံအင်္ဂလိပ်စကား ပြောသင်တန်းကို ဆရာ ဦးမောင်မောင်ဌေးမှ သင်ကြားပို့ ချပေးမည်ဟုလည်းသိရသည်။