၂၀၁၁-၃-၁၈ ၇း၄၀
လစ်ဗျား အာဏာရှင်ခေါင်းဆောင် ကဒါဖီးအား
ကုလဆုံးဖြတ်ချက်ကို လိုက်နာရန်နှင့် ပြည်သူများအား
အကြမ်းဖက်နှိမ်နှင်းခြင်းကို အမြန်ဆုံးရပ်နားရန်အတွက်
ကုလစစ်တပ်က၀င်ရောက်ဖြေရှင်းမည်ဖြစ်ကြောင်းကြား
သိရ၍ အာဏာရှင်တို့၏ နောက်ဆုံးသွားရာလမ်းသည်
နောက်ဆုံးအထိ အမြင်မှန်မရဘဲ ပြည်သူအတွက်လို့ 

ပါးစပ်ပြောပြီး မိသားစုအဆက်ဆက်အာဏာရှင်တည်မြဲရေး
ကိုကြိုးစားနေကြသည်။
ကိုကြိုးစားနေကြသည်။
မည်သို့ ပင်ကြိုးစားစေကာမှု နောက်ဆုံးသွားရာလမ်းသည်
မတည်မြဲသောအရာကို ကိုယ်စ္စည်လုပ်အကြိုးထုတ်နေကြ
သောလူတစုသာဖြစ်သည့်အတွက်အာဏာရှင်တဦးပြီးတဦး
ကျဆုံးနေကြသည်ကို အရှေ့အလယ်ဖျားဒေသ၏လွတ်လပ်မှု
ကိုလိုလားကြသော ပြည်သူများကသက်သေထူနေသည်။

လစ်ဗျားကျဆုံးခဲ့လျင် အာဖရိကတခွင် ဒီမိုကရေစီတောင်းဆို
မှုများ ပို၍ပြင်းထန်လာနိုင်ဘွယ်ရှိသည်။
ယခုလိုလုံခြုံရေးကောင်စီတွင်ကုလ၏ ဆောင်ရွက်ချက်သည်
မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်ဟု သုံးသပ်နိုင်သည်။
လူသားတို့ ၏ လူ့ အခွင့်အရေးနှင့် လွတ်လပ်မှုသည် လူသား
တိုင်းရသင့်ရထိုက်သော အခြေခံအခွင့်အရေးများဖြစ်သော
ကြောင့် ကမ္ဘာကြီးတခုလုံးတွင် တာဝန်ရှိပေသည်။

အင်အားကြီးမားပြီး ဒီမိုကရေစီရှိသောနိုင်ငံများအနေဖြင့်မျှော်
လင့်ချက်နည်းနေသောအာဏာရှင် လက်အောက်မှရုံးတွက်ရန်
ကြိုးစားနေကြသော နိုင်ငံငယ်လေးအများအပြားရှိနေရာ မြန်မာ
နိုင်ငံသည်လည်း အာဏာရှင်လက်အောက်တွင် မတရားဖိနှိမ်
သတ်ဖြတ်မှုများ လွတ်လပ်စွာပြေဆိုခွင့်ရေးသားခွင့် လေ့လာခွင့်
နှင့် အမျိုးသမီးများအား အဓ္ဓမကျင့်ကျန်မှုများ ကလေးစစ်သား
စုဆောင်းမှု လူသားအခြင်းခြင်းအမျိုးတုံးသတ်ဖြတ်မှုများကို
နေ့ စဉ်နှင့်အမျှဖြစ်ပေါ်နေသော မြန်မာစစ်အာဏာရှင်တို့ ၏
ပြုကျင့်မှုများဟာလည်းလူ့ အခွင့်အရေးချိုးဖေါက်မှုဖြစ်သည်။
ကုလအနေဖြင့်မြန်မာနိုင်ငံကိုလည်း ထည့်သွင်းစဉ်းစား ရန်လို
ပေသည်။ပြည်တွင်းနိုင်ငံရေးလှုပ်ရှားနေသောတာမွေမြို့ နယ်နေ
လူငယ်ကျောင်းသားများအား ဆက်သွယ်မေးမြန်းခဲ့ရာကုလ၏
ဆောင်ရွက်ချက်သည်မြန်မာနိုင်ငံတွင်ကြာမြင့်စွာမတရားအုပ်
ချုပ်နေသောအာဏာရှင်ကြီး ဦးသန်းရွှေအဘို့ သင်ခဏ်စာ
ယူစရာဘဲ။

မတရားမှုသည် မမြဲသောတရားဖြစ်သည့်အတွက် မြန်မာပြည်
သူများ ကျယ်ကျယ်ပြန့် ပြန့်  သိရှိစေရန်နှင့်မတရားသော
ဥပဒေများကိုဆန့်ကျင်ရန် တိုက်တွန်းနေရသည်။စစ်မှန်သော
ဒီမိုကရေစီရရှိရေးသည် နိုင်ငံသားအားလုံး၏ လုံးလ၀ိရိယအား
ထုတ်မှုအပေါ်တွင်ရှိနေပြီးအရှေ့ အလည်ဖျားဒေသ၏အခြေအ
နေသည်လည်း မြန်မာနိုင်ငံအဖို့အတုယူကြိုးစားရမည်ဖြစ်သည်။
မိမိတို့ လူငယ်ကျောင်းသားများအနေဖြင့်တော်လှန်ရေးတခုဖြစ်
ပေါ်လာရန်ကြိုးစားအားထုတ်နေပါသည်ဟုပြောကြားသွားသည်။