Thursday, March 17, 2011

ဂျပန် လျှပ်စစ်ဓာတ်အားပေးစက် နျူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲနိုင်သည့်အနေအထား

                                                       ၂၀၁၁-၃-၁၇
ဂျပန်စံတော်ချိန် ၁၁ နာရီသတင်း လျှပ်စစ်ဓာတ်အားပေးစက် နျူကလီးယားဓါတ်ပေါင်းဖို အမှတ်(၃) မီးခိုးတွက်၍ပေါက်ကွဲမှုရှိခဲ့ရာ အသုံးပြုပြီးသားလောင်စာများအား အအေးခံထားသောစက်ပျက်နေသောကြောင့် အပူချိန်မြင့်တက်နေသည်။ ထိုနောက် အမှတ်(၄)လည်း ၁၅ရက်-၁၆ရက်တို့ တွင် ပေါက်ကွဲခဲ့ပြီး မီးလောင်မှုများ ဆက်တိုက်ဖြစ်ပွားနေရာ နျူကလီးယား သိုလောင်ကန်သည် အပူချိန်မြင့်တက်လာနေပြီး
၃-၄ က ဒီအတိုင်ဆက်ဖြစ်နေလျှင် ပျော်ပြီးနျူကလီးယားရောင်ကြည်ဓာတ်ငွေများ အပြင်သို့  စိမ့်တွက်လာမည်ကို စိုးရိမ်နေကြသည်။ ဂျပန်အစိုးရက စစ်တပ်၏အကူအညီကိုယူ၍ အအေးရရှိရန် CH 47 ဟဲလီကော်ပဒါကို အသုံးပြု၍ မြစ်ရေကိုသယ်ယူကာ ကောင်ကင်မှ ၄ကြိမ်ပက်ဖြန်းခဲ့သည်။ ပေါက်ကွဲမှုများဖြစ်နိုင်သောကြောင့် အစိုးရအနေဖြင့် စိုးရိမ်နေသည်။