Friday, March 18, 2011

အင်္ဂလန် အမေရိကန် ပြင်သစ် သုံးနိုင်ငံက သဘောတူညီမှုရယူ

အမေရိကန်  သမတ အိုဘားမားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် လစ်ဗျား ကောင်ကင်မှလေယဉ် ပျံသန်းမှုကို ကန့် သတ်ရန်ဆုံးဖြတ်ချက်နှင့်ပါတ်သက်၍ အင်္ဂလန် ၀န်ကြီးချုပ် Cameron နှင့် ပြင်သစ် သမတ Nicolas Sarkozy  အမေရိကန် သမတ Obama  ၃နိုင်ငံတို့ သည် လစ်ဗျားအခြေအနေကို
လှို့ ဝှက်ဆွေးနွေးမှုများလုပ်ကာ သဘောတူညီခဲ့သည်ဟု အမေရိကန်အိမ်ဖြုတော်မှသတင်းရရှိသည်။
၃ နိုင်ငံခေါင်းဆောင်ကြီးများက လစ်ဗျား အာဏာရှင်ခေါင်းဆောင် ကဒါဖီးအား ကုလဆုံးဖြတ်ချက်ကိုလိုက် နာရန်နှင့် ပြည်သူများအား အကြမ်းဖက်နှိမ်နှင်းခြင်းကို အမြန်ဆုံးရပ်နားရန်အတွက်ဖြစ်ကြောင်း ၃နိုင်ငံသဘော တူခဲ့ကြသည်။ ဆုံးဖြတ်ချက် အကောင်အထည်ပေါ်ရန် ပူးပေါင်းဆောင်ရွက်မည့် အာရပ်နိုင်ငံများကို စုစည်းမည်ဟု ပြောကြားသွားသည်။ ကုလ၏ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖေါ်ရန် ၃နိုင်ငံဆွေးနွေးကာ နိုင်ငံတကာ လူ့ အခွင့်အရေးကိုချိုးဖေါက်သည့်အတွက် ပြည်သူများကိုကယ်တင်ရန် ကုလတပ်ဝင်ရောက်တော့မည်။