ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အကြီးအကဲရာထူးဖြင့် တပ်မတော်ကို တိုက်ရိုက်ကွပ်ကဲ အုပ်ချုပ်မည် ဖြစ် ကြောင်း သတင်းရရှိသည်။
ကာကွယ်ရေး ဦးစီးချုပ် ရာထူးကို ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်အား လွှဲပြောင်းပေးမည်ဟု သိရသော် လည်း ရုပ်ပြသဘောဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ညွှန်ကြားမှုဖြင့် စစ်တပ်ကို တိုက်ရိုက်ကြီးကြပ်ကွပ်ကဲရ မည်ဖြစ်ကြောင်း၊ အရေးပါပြီး အဓိကကျသော ဆုံးဖြတ်ချက်၊ အမိန့်များကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေကသာ ချမှတ်မည်ဖြစ်ကြောင်း ဗိုလ်မှုးအသိုင်းဝိုင်းတွင် ပြောဆိုနေကြသည်၊၊
အဓိကကျတဲ့ တပ်တွင်းရာထူး နေရာ၊ လက်နက်ကိစ္စ၊ နျူကလီးယား ပြည်တွင်းတခြားအရေးကြီးတဲ့ ကာ ကွယ်ရေးဆိုင်ရာကိစ္စ တော်တော်များများ နေရာတွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်ရိုက်ကိုင် တွယ်မယ်လို့ ဗိုလ်မှူးကြီးတဦးက လည်းကောင်း၏ မိန်းမများကို ပြောပြသည်ဟု ရင်းနှီသူများ၏ အဆိုရ သိရပါသည်၊၊ ဘယ်ကိစ္စမဆို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တိုက်ရိုက်ညွှန်ကြားမှုကိုပဲ ခံယူရမယ် ဟု နေပြည်တော်မှ သတင်းများတွက်ပေါ်နေပါသည်၊
တက်လာမည့် ဦးသိန်းစိန်၏ အစိုးရသည် ဗိုလ်ချုပ်မှူးကြီး၏ ညွန်ကြားချက်အတိုင်း ဝန်ကြီးများရွေးချယ် ထားရပြီး မကြိုက်သော ဝန်ကြီးများလည်း နေရာအရွှေ့ အပြောင်းခြင်းကိုလည်း ဗိုလ်မှူးကြီးက လုပ်တယ်
လို့ သိရှိရပါတယ်၊၊ ဥသျှောင် အဖွဲ့  ဖွဲ့ ဖို့  စီစဉ်နေ တယ်လို့  နေပြည်တော်သတင်ရပ်ကွက်ကသိရပါတယ်၊၊
ရွေးကောက်ပွဲကို ကျင်းပခဲ့သောလည်း ပါတီစုံဖြစ်အောင် အတိုက်အခံတွေကိုထည့်ခိုင်း ပါတီဖွဲ့ စည်းခွင့် ထိမ်းချုပ် မိမိတို့ မလိုလားသောပါတီကို နှိပ်ကွပ် ပါတီဖွဲ့ ခွင့်မပေး လွတ်လပ်၍တရားမျှတမှုမရှိ ဗိုလ်မှူးကြီး
တွေကို ၀န်ကြီးလုပ်ခိုင်း အနိုင်ရအောင်မဲခိုး လွတ်လပ်မှုမရှိတဲ့ လွှတ်တော်ကိုဘမ်းပြ လွှတ်တော်တွင်းဆွေး နွေးခွင့်ကိုမပြု ပြည်သူတို့ အနေဖြင့်အားကိုးရမဲ့အစိုးရတခုတော့ပေါ်ထွက်လာမှာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ဒီမို ကရေစီနဲ့  လူ့ အခွင့်အရေးတွေရရှိလိမ့်မယ်လို့ မျှော်လင့်လို့ မရပါ။ ဒီမိုကရေစီကိုဘမ်းပြပြီး စစ်တပ်ကြီးစိုးတဲ့
အာဏာရှင်အုပ်ချုပ်ရေးနဲ့ ဘဲ ပြန်သွာဖို့ ကြိုးစာနေတာတွေ့ ရပါတယ်။ ပြည်သူတွေအနေနဲ့ တော့ တိုင်းပြည် မတိုးတက် မဖွင့်ဖြိုးသရွေ့  ဆင်းရဲတွင်းကရုံးတွက်နိုင်မှာ မဟုတ်ပါဘူး။ကမ္ဘာ့ စီးပွားရေးကပ်ဆိုးကြီးထဲမှာ အာဏာရှင်တို့ ရဲ့  ကိုယ်ကျိုးအမြတ်ထုတ်မှုကြောင့် စစ်ဗိုလ်ချုပ်တွေသာ ချမ်းသာနေပြီး ပြည်သူပြည်သား တွေဆင်းရဲတွင်းက ရုံးတွက်ကြဖို့ လိုနေပါပြီ။
