Thursday, March 3, 2011

မြန်မာနိုင်ငံနှင့် ယနေ့ ကမ္ဘာ

 မြန်မာနိုင်ငံ ရန်ကုန်မြို့ ကြီးတွင် တိုက်တာအဆောက်အအုံများ ပျက်ဆီးယိုယွင်းလာနေ ပြီး မြို့ ပြ စီပင်သာယာမှ လပ်ပေးလပ်ယူများပြားနေပြီး အဆောက်အဦး၏ အာမခံမှု။အာမခံချေးငွေများ ပေးဆောင်မှုနှင့် တာဝန်ရှိသော စစ်ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင်ကမြို့  ပြများကို စနစ်တကျ ပြန်လည်ထူထောင် ပြုပြင်ခြင်းမရှိဘဲ မြို့ ကြီးများ၌ ရှိသင့်ရှိထိုက် သော ပတ်ဝန်းကျင်သန့် ရှင်း ပြုပြင်မှုနှင့် သဘာဝရှုခင်းများ ပန်းခြံများ။အားကစားကွင်း အားကစားရုံ။ အစိုးရဆေးရုံများ။စာကြည့်တိုက်များ။ကုန်းလမ်းဆက်သွယ်မှု ရေလမ်း ဆက်သွယ်မှု။ လျှပ်စစ်မီးအား အစရှိသည့်တို့ သည် ခေတ်မှီတိုးတက်နေသည့် ခေတ်  ကြီးတွင် မြန်မာနိုင်ငံသည် နှစ်ပေါင်းများစွာ နောက်ကျကျန်နေခဲ့ရသည်ကို တွေ့ မြင်နေ
ရ သော ဓာတ်ပုံများက သက်သေထူနေပေသည်။

ကလေးငယ်များသည် တိုင်းပြည်၏ ဒဏ်ကိုခံစားနေကြရသောကြောင့် ပညာသင်ရမည့် အရွယ်တွင် ပညာမသင်ကြားရဘဲ မိသားစုစားဝတ်နေရေးကို အရွယ်နှင့်မလိုက်အောင်ပင် ဆင်းရဲပင်ပမ်းကြီးစွာဖြင့် ဘ၀ရပ်တည်ရေးကို ဆောင်ရွက်နေကြရသည်။
ပညာရေးစနစ် မဖွင့်ဖြီုးမတိုးတက်သော မြန်မာငံသည် အာဏာရှင်စနစ်၏ ဆိုးမွေများကို ယနေ့  ကလေးသူငယ်များနှင့် ပြည်သူများ ခံစားနေကြရရှာသည်။ တိုင်းပြည်ကို ဖွင့်ဖြိုးတက်ရန် အခြေခံဖြစ်သော ပညာရေးနှင့် စီးပွားရေးတံခါးဖွင့်ဝါဒကို မကျင့်သုံးဘဲ ထိမ်းချုပ်သောအာဏာရှင်စနစ်ကို လက်မလွတ်နိုင်သော စစ်ခေါင်းဆောင်တို့ သည် တရားမျှတမှုမရှိတဲ့ ၂၀၀၈ အခြေခံဥပ ဒေကို ရေးဆွဲအတည်ပြု၍ ၂၀၁၀ အထွေထွေရွေကောက်ပွဲကို မသမာသော နည်းဖြင့် အာဏာ ရှင်စနစ်သက်ဆိုးရှည်အောင် ဦးသိန်းစိန်နှင့်အဖွဲ့ က  ကုစားအသက်သွင်းကာ အတုအယောင် ဒီမိုကရေစီဖြင့် တိုင်းပြည်ကိုဆက်လက် အုပ်ချုပ်ရန် ကြံစည်ခဲ့သည်။

                  စစ်တပ်က အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်မှစ၍ ယနေ့ အချိန်အထိ ၄၉ နှစ်ရှိခဲ့ပြီဖြစ် သောလည်း အိမ်နီးခြင်းနိုင်ငံများဖြစ်ကြသည့် ထိုင်း မလေးရှား စင်ကာပူ နိုင်ငံတို့ သည် တိုင်းပြည် တိုးတက် ဖွင့်ဖြိုးလာနေပြီး မြန်မာနိုင်ငံသည် စစ်မီးတောက်လောင်နေဆဲဖြစ် ၍ ယနေ့  အ ချိန်အထိ ဖွင့်ဖြိုးတိုးတက်ဖို့ နေနေသာသာ ငြိမ်းချမ်းရေပင်မရရှိနိုင်သေးပေ။  


 ငြိမ်းချမ်း သာယာမှ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်မည်ဟု  စစ်အာဏာရှင်များမှကြွေး
 ကြော်နေသော်လည်း ငြိမ်းချမ်းရေးနှင့် တွေ့ ဆုံဆွေးနွေးရေးကိုပင်အာဏာရှင်များ က လက်မခံကြပေ။ နေပြည်တော်နှင့် အာဏာတည်မြဲရေးကိုသာ ဦးစားပေးတည်ဆောက် လျှက် လူတန်းစားတခု ကောင်းစားရေးကိုအခြေခံပြီး တိုင်းပြည်၏ သယံဇတများကို အ လွဲသုံးစားပြုကာ ပြည်သူလူထု၏ စားဝတ်နေရေး အခက်အခဲများကို ဖြေရှင်းပေးခြင်း မရှိဘဲ စစ်အသုံးစရိတ်နှင့် စစ်ဗိုလ်ချုပ်များ၏ ရင်းနှီးမြုတ်နှံမှုများ တိုးချဲ့ သုံးစွဲနေကြသည်။ ဒီမိုကရေစီ၏ အခြေခံသဘောတရားမှာ အာဏာသည် ပြည်သူထံမှဆင်းသက်  ရမည်ဟု ဆိုထားသော်လည်း လက်ရှိမြန်မာနိုင်ငံတွင်ဖေါ်ဆောင်နေသော ဒီမိုကရေစီမှာ အာဏာသည် စစ်ဗိုလ်ချုပ်ကြီးများမှ ဆင်းသက်ရမည်ဖြစ်သည်။


ဒီမိုကရေစီ၏ အခြေခံ  ကစ၍ လွဲမှားနေသည်ကို တွေ့ မြင်နေရသည်။ ပြည်သူတို့ ၏ ဘ၀သည် လွဲမှားနေသော စနစ်ဆိုးကြီးအောက်မှ ရုံးတွက်ရန် အခြေအနေများကို ဖန်တီးရှာဖွေသင့်ပေသည်။ အရှေ့ ဖျား အာရပ်ကမ္ဘာတွင် အာဏာရှင်တို့ ၏ ဖိနှိပ်မှုများကြောင့် ဒီမိုကရေစီတောင်း ဆိုဆန္ဒပြမှုများမှ ကမ္ဘာတ၀ှမ်းပြန့် နှံ၍လာနေပြီး လူသားတို့ ၏ ရပိုင်ခွင့်နှင့် လွတ်လပ်ခွင့်  ကို ၂၁ ရာစု ယနေ့   ကမ္ဘာမှာ ပိတ်ပင် ထိမ်းချုပ်ထား၍ မရနိုင်တော့ပေ။ မြန်မာနှိင်ငံသည်လည်း အနှေးနှင့်အမြန်သာလိုတော့သည် ဒီမိုကရေစီလှိုင်းဂယက်ကြီးကို မည်သူမျှ ကာကွယ်တားဆီးထား၍ မရ နိုင်တော့ပေ။

အာဏာရှင်တို့ ၏ နေ၀င်ချိန် ရောက်ပြီဖြစ်သောကြောင့် မြန်မာပြည်သူများ စိတ်ဓာတ်ခွန်အား ညာဏခွန်းအားများ မွေးမြူထားကြစေလိုပါသည်။