ဝန်ကြီး (၃၀)ဦး စာရင်းတွင် လက်ရှိဝန်ကြီး ၉ ဦးပြန်ပါ
ဝန်ကြီး (၃ဝ)ဦး စာရင်းတွင် လက်ရှိဝန်ကြီး အနည်းငယ်သာပါဝင်
အစိုးရဝန်ကြီး(၃ဝ)ဦး စာရင်းကို ပြည်ထောင်စုလွှတ်တော်တွင် ယနေ့တင်ပြရာ လက်ရှိတာဝန် ထမ်းဆောင်ဆဲဝန်ကြီး အနည်းငယ်သာ ပြန်လည်ပါဝင်သည်ကို တွေ့ရသည်။ ဖေဖော်ဝါရီ (၉)ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရဝန်ကြီးဌာန ၃၄ဌာနဖြင့် ဖွဲ့စည်းမည်ကို အတည်ပြုခဲ့ပြီး၊ ဝန်ကြီး (၃ဝ)ဦး အဆိုပြုစာရင်းကို ကြေညာခဲ့သည်။ အဆိုပါ စာရင်းဝင် ပုဂ္ဂိုလ်များကို လွှတ်တော်အမတ်များက ကန့်ကွက်လိုပါက ဖေဖော်ဝါရီ (၁၁)ရက်နေ့တွင်ပြန်လည် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ကန့်ကွက်နိုင်သည်ဟု ဆိုသည်။ ဝန်ကြီး(၃၀)ဦး စာရင်းတွင် လက်ရှိ ဝန်ကြီးများဖြစ်သော ဦးကျော်ဆန်း၊ ဦးခင်မောင်မြင့်၊ ဦးလှထွန်း၊ ဦးတင်နိုင်သိန်း၊ ဦးအောင်ကြည်၊ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးဇော်မင်း၊ သူရဦးမြင့်မောင်တို့ ပြန်လည် ပါဝင်လာသည်။ ကျန် ဝန်ကြီး အဆိုပြု စာရင်းဝင်သူများမှာ ဦးကိုကို၊ ဦးလှမင်း၊ ဦးသိန်းဌေး၊ ဦးဝဏ္ဏမောင်လွင်၊ ဦးမြင့်လှိုင်၊ ဦးဝင်းမြင့်၊ ဦးတင်ဆန်း၊ ဦးသိန်းထွန်း၊ ဦးသိန်းထိုက်၊ ဦးဉာဏ်ထွန်းအောင်၊ ဦးဝင်းထွန်း၊ ဦးကျော်စွာခိုင်၊ ဦးသန်းဌေး၊ ဒေါက်တာမြအေး၊ ဒေါက်တာဖေသက်ခင်၊ ဦးအေးမြင့်၊ ဦးခင်ရီ၊ ဦးခင်မောင်စိုး၊ ဦးသိန်းညွန့်၊ ဦးစိုးမောင်တို့ဖြစ်သည်။ ယနေ့ အတည်ပြုပြီးခဲ့သော ဝန်ကြီးဌာန(၃၄)ခုတွင် ယခင်ရှိခဲ့ပြီးသော ဝန်ကြီးဌာန (၃၂)ခုမှ (၃၁)ခု ပြန်လည်ပါဝင်လာပြီး၊ ဝန်ကြီးဌာနအသစ်(၃)ခု ထပ်တိုးလာသည်။ အသစ်တိုးလာသော ဝန်ကြီးဌာန သုံးခုမှာ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သမ္မတရုံးဝန်ကြီးဌာနနှင့် မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဝန်ကြီးဌာန တို့ဖြစ်သည်။ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ဝန်ကြီးဌာန မှာ အမည်စာရင်းတွင် မပါရှိတောကြောင်း တွေ့ရသည်။

ဝန်ကြီး ၃၀ ဦး တာဝန်ယူမည့် ခန့်မှန်းဌာနစာရင်းများ
၁။ ဗိုလ်ချုပ်လှမင်း (ပြည်ထဲရေးဝန်ကြီး)
၂။ ဒုတိယဗိုလ်ချုပ်ကြီးကိုကို (ကာကွယ်ရေးဝန်ကြီး)
၃။ ဦးသိန်းဌေး (နယ်စပ်ရေးရာဝန်ကြီး)
၎။ ဦးစိုးသိန်း (အမှတ်-၂ စက်မှုဝန်ကြီး)
၅။ ဦးဝဏ္ဏမောင်လွင် (နိုင်ငံခြားရေးဝန်ကြီး)
၆။ ဒေါက်တာဖေသက်ခင် (ကျန်းမာရေးဝန်ကြီး)
၇။ ဦးအောင်မင်း (ရထားပို့ဆောင်ရေးဝန်ကြီး)
၈။ ဦးခင်ရီ (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး)
၉။ ဦးမြင့်လှိုင် (စိုက်ပျိုးရေးဝန်ကြီး)
၁၀။ သူရဦးမြင့်မောင် (သာသနာရေးဝန်ကြီး)
၁၁။ ဦးခင်မောင်မြင့် (လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး)
၁၂။ ဦးတင်နိုင်သိန်း (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး)
၁၃။ ဦးကျော်စွာခိုင် (အမှတ်-၁ စက်မှုဝန်ကြီး)
၁၄။ ဒေါက်တာမြအေး (ပညာရေးဝန်ကြီး)
၁၅။ ဦးဇော်မင်း (အမှတ်-၁ လျှပ်စစ်ဝန်ကြီး)
၁၆။ ဦးခင်မောင်စိုး (အမှတ်-၂ လျှပ်စစ်ဝန်ကြီး)
၁၇။ ဦးလှထွန်း (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး)
၁၈။ ဦးသိန်းညွန့် (ဝန်ကြီးဌာနမသိရသေး)
၁၉။ ဦးဝင်းမြင့် (မြန်မာ့စက်မှုဖွံ့ဖြိုးရေးဝန်ကြီး)
၂၀။ ဦးတင့်ဆန်း (အားကစားဝန်ကြီး သို့မဟုတ် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး)
၂၁။ ဦးကျော်ဆန်း (ပြန်ကြားရေးဝန်ကြီး)
၂၂။ ဦးဝင်းထွန်း (သစ်တောရေးရာဝန်ကြီး)
၂၃။ ဦးအောင်ကြည် (အလုပ်သမားဝန်ကြီး)
၂၄။ ဦးအုန်းမြင့် (ဝန်ကြီးဌာနမသိရသေး)
၂၅။ ဦးသန်းဌေး (စွမ်းအင်ဝန်ကြီး)
၂၆။ ဦးသိန်းထွန်း (ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး)
၂၇။ ဦးဉာဏ်ထွန်းအောင် (ပို့ဆောင်ရေးဝန်ကြီး)
၂၈။ ဦးသိန်းထိုက် (ဝန်ကြီးဌာနမသိရသေး)
၂၉။ ဦးစိုးမောင် (ဝန်ကြီးဌာနမသိရသေး)
၃၀။ ဦးအေးမြင့် (သိပ္ပံနှင့်နည်းပညာဝန်ကြီး)