Friday, February 11, 2011

တွက်ပေါ်လာမည့် အစိုးရသစ်

၁၁-၂-၂၀၁၁
မကြာမီမှာ အစိုးရသစ်တွက်ပေါ်လာတော့မှဖြစ်ပါတယ်။ ပြည်ထောင်စု သမတ မြန်မာနိုင်ငံတော် လို့ ခေါ်ဝေါ်မှာဖြစ်သော်လည်း လက်ရှိအခြေ အနေအရကြည်မယ်ဆိုရင် ပြည်ထောင်စုသဘောမရှိဘဲ စစ်တပ်က တွက်လာတဲ့ဗိုလ်ချုပ်တွေနဲ့  လက်ရှိစစ်တပ်တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်တွေက ၉၀% နေရာယူထားတာကြောင့် အရပ်သားနဲ့  တိုင်းရင်းသားတွေ ပါဝင်မှုနည်းနေ တာကိုတွေ.ရပါတယ်။
အမျိုးသမီးတွေ အစိုးရသစ်မှာ နေရာမရတာကို ကြည့်ခြင်းအားဖြင့် လူတန်းစားခွဲခြားမှု စစ်တပ်မှာရှိနေတယ် ဆိုတာထင်ရှားနေပါတယ်။ အများအားဖြင့် စစ်တပ်ကပဲ လွတ်တော်ကိုထိမ်းချုပ်သွားမယ့်သ ဘောရှိပါတယ်။ လွှတ်တော်တက်ရောက်နေတဲ့ ဗိုလ်မှူးကြီးတဦးကတော့ လောလောဆယ်တော့ စစ်တပ်ကပဲ အစိုးရသစ်မှာ ဦးဆောင်မှာဖြစ်ပြီး အရပ်သားတွေနဲ့ တိုင်းရင်းသားတွေ ပါဝင်မှုကို စစ်တပ်ကယုံကြည်မှု နည်းနေသေးတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေကတော့ စစ်တပ်ရဲ့ သဘောအရ မဖြစ်နိုင်သေးဘူးလို့  ဗိုလ်ချုပ်ကြီးတွေက ယူဆကြကြောင်း လွတ်လပ်မှုကတော့ တဖြေးဖြေးနဲ့ သွားရမှာပဲ တိုင်းပြည် ရဲ့ လုံခြုံရေးအရ စစ်တပ်က ဆက်ကိုင်ထားမှာဖြစ်တယ်လို့ ဆိုပါတယ်။ နေပြည်တော် သတင်းရပ်ကွက်ကတော့ ဗိုလ်ချုပ်မှုးကြီးတာဝန်က အနားယူမယ်ဆိုတာ မဖြစ်နိုင်ကြောင်း လက်ရှိအခြေအနေအရ အစိုးရသစ်တက်လာရေးတွင် ဗိုလ်ချုပ်မှူးကြီးက အရာရာကို အမိန့် ပေး စီစဉ်ခဲ့တာဖြစ်တဲ့အတွက် တပ်ချုပ်ကြီးနေရာက ချုပ်ကိုင်နေမဲ့သဘောရှိတယ်လို့ သိရပါတယ်။
စည်းကမ်းရှိတဲ့  ဒီမိုကရေစီကိုတည်ဆောက်နေတဲ့အတွက် လက်ရှိအစိုးရသစ်တက်လာပေမဲ့လည်း ဥပဒေစိုးမိုးရေး လူ့ အခွင့်အရေးအပြည့်အ၀ရရှိရေးနဲ့  စီပွားရေးပြုပြင်ပြောင်လဲမှုတွေရှိလာလိမ့် မယ်လို့ မထင်ပါဘူး စစ်တပ်ကပဲ ယခုအတိုင်း ဆက်လက်ချုပ်ကိုင်ထားပြီး ပြည်သူတွေမျှော်လင့်နေတဲ့ အပြောင်းအလဲတော့ရရှိနိုင်မှာ မဟုတ်ပါဘူး။