လစ်ဗျားပြည်သူတွေရဲ့ ဆန္ဒပြမှုကိုအကြမ်းဖက်နှိမ်နှင်းခဲ့တဲ့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ (Moammar Gadhafi) ကို နိုင်ငံတကာ အသိုင်းအဝိုင်းက ဝိုင်းဝန်းပြစ်တင် ရှုတ်ချမှုတွေ တိုးလာနေချိန်မှာပဲ သောကြာနေ့က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က လုံခြုံရေးကောင်စီကနေ အရေးယူမှုတွေ သေသေချာချာ လုပ်ဖို့အတွက် တိုက်တွန်းလိုက်ပါတယ်။
ဗြိတိန်နဲ့ပြင်သစ်ကတောင်းဆိုထားတဲ့ ငွေကြေးပိုင်ဆိုင်မှု ထိန်းချုပ်တာတွေနဲ့အတူ လက်နက် အရောင်းအ၀ယ် ပိတ်ပင်ဖို့နဲ့ ကဒါဖီမိသားစုရဲ့ ခရီးသွားလာမှုပိတ်ဆို့ဖို့တွေကို ဆုံးဖြတ်ချက် အမြန်ဆုံးချမှတ် အရေးယူ ဆောင်ရွက်ဖို့လည်း ပြောကြားခဲ့ပါတယ်။ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီနဲ့ အရင်းနှီးဆုံး သွေးသောက်တဦးဖြစ်တဲ့ ကုလသမဂ္ဂရုံးချုပ်က လစ်ဗျားသံအမတ်ကြီး Abd al-rahman Shalgham က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ လစ်ဗျားကိုကယ်တင်နိုင်ဖို့အတွက် အဆိုပြုထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို အမြန်ဆုံး ချမှတ်ဆောင်ရွက်ပေးဖို့ကိုလည်း လစ်ဗျားပြည်သူတွေကိုယ်စား တောင်းဆိုလိုက်ပါတယ်။တချိန်တည်းမှာပဲ ဂျနီဗာမြို့ ကုလသမဂ္ဂဆိုင်ရာ လစ်ဗျားသံတမန်တွေကတော့ သူတို့အားလုံး အလုပ်ကနုတ်ထွက်ပြီး လစ်ဗျားပြည်သူတွေအတွက် အလုပ်အကျွေးပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ်လို့ ကြေညာခဲ့ပါတယ်။ လစ်ဗျားကိုယ်စားလှယ်တွေဟာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေး ကျင်းးပနေချိန်မှာ အခုလို ကြေညာခဲ့တာပါ။
မြန်မာနိုင်ငံမှာတော့ ၁၉၆၂ နှစ်ခုထဲက အာဏာသိမ်းခဲ့တဲ့ ဦးနေ၀င်း စစ်တပ်ဟာ ၁၉၈၈ ခုနှစ်တွင် ကျောင်းသား ရဟန်းရှင် ပြည်သူများက ဒီမိုကရေစီတိုက်ပွဲ ဆင်နွဲခဲ့သော်လည်း စစ်တပ်ကိုအသုံးချကာ အာဏာသိမ်းယူခဲ့မှုကြောင့် ပြည်သူများ ထောင်နှင့်ချီပြီးသေဆုံးခဲ့ရသည်။ ဦးနေ၀င်း နေ၀င်ပြောက်ကွယ်သွားသော်လည်း ၁၉၉၀ ခုနှစ်တွင် အာဏာသိမ်းစစ်တပ်မှ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကိုကျင်းပပေးခဲ့ပြီး အနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကို ဖိနှိပ်မှုအမျိုးမျိုးဖြင့် တရားဝင်အစိုးရပေါ်ပေါက်ရေးကို လျစ်လှူ့ ရှုခဲ့သောကြောင့် ဒီမိုကရေစီနှင့်အလှန်းဝေနေပြီး လူထုအုံကြွမှုများ ၁၉၉၆ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်တွင် သံဃာ့အရေးအခင်း တောင်းဆိုဆန္ဒပြမှုများကို စစ်တပ်မှ အကြမ်းဖက်ဖြေရှင်ခြင်းကြောင့် ဒီမိုကရေစီ အခွင့်အရေးများ ဆုံးရှုံးခဲ့ရကာ တိုင်းပြည်သည်လည်း အဆင်းရဲဆုံးနိုင်ငံအဖြစ်သို့ ရောက်ရှိနေခဲ့ရသည်။ ကမ္ဘာ့ ကုလသမဂ္ဂတွင်လည်း မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီး၏
အမှန်တရားကို ဖုံးကွယ်ကာ အကြောက်တရားရှိမှုကြောင့် အာဏာရှင်တို့ ၏ အလိုကျ ပြောဆိုကာကွယ်နေသောကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီသည် ဝေးသတဲ့ဝေးနေခဲ့ရသည်။ သံတမန်၏ ကိုယ်ကျိုးရှာမှုများက တိုင်းပြည် ၂၂ နှစ်ကျော်ကြာမတည်ငြိမ်မှုများနှင့်ရင်ဆိုင်နေရသည်။ ပြည်သူ့ သံတမန်ဟုတာဝန်ကြေသော လစ်ဗျားသံကိုယ်စားလှယ်များ၏ ဆောင်ရွက်မှုသည် ကုလသမဂ္ဂကြီးကို တုန်လှုပ်စေခဲ့ရာ ဘန်ကီမွန်းကိုယ်တိုင် ဖြေရှင်းပေးဘို့  ကုလသမဂ္ဂကိုတောင်းဆိုနေသည်။ ဤသင်ခဏ်းစာကိုယူ၍ မြန်မာပြည်သူများအနေဖြင့် စစ်တပ်ကို အာရှင်တည်မြဲရေးအတွက် အသုံးချကာ လူတစုကောင်းစားရေး တည်ထောင်နေသော အာဏာရှင်ကို ပြည်သူ့ သားကောင်းတပ်မတော်သားများအနေဖြင့် ပြည်သူ့ ဆန္ဒကို အကောင်အထည်ဖေါ်ရန် အချိန်ပြီဖြစ်ပေသည်။