Wednesday, February 16, 2011

ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရသတင်းစာများ ပုတ်ခတ်မှု အမေရိကန်ရှတ်ချ

15-2-2011

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပေမဲ့ အခြေအနေတွေဟာ ပြောင်းလဲ မလာတဲ့အပြင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ဝေဖန် တိုက်ခိုက် ခဲ့တယ်လို့  အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက် မနေ့ က ပြောဆိုလိုက်ကြောင်း အေ အက်ပီသတင်းက ဖော်ပြပါတယ်။