Tuesday, June 12, 2012

ငရုတ်သီးမှုန့်နဲ့ ငံပြည်ရည် နယ်ချဲ့တဲ့မြေ


 2012-6-12
စီးပွားရေး လုပ်ငန်းရှင်တွေက မြေယာတွေ အလုအယက်ဝယ်ပြီး ရင်းနှီးမြုပ်နှံလာတဲ့အထဲမှာ     ငရုတ်သီးမှုန့်နဲ့ ငံပြည်ရည် ကုမ္ပဏီလဲ ပါလာပါတယ်။
 စိန်ခဲမြခဲ ငံပြည်ရည်စက်ရုံက လယ် ၁၀ ဧကကို လယ်သမားတွေဆီက ၁ဧက ၁၀ သိန်းနဲ့ ၀ယ်လိုက် ပါတယ်။ အဲဒီထဲမှာ ဒေါ်ဌေးဌေးဝင်းရဲ့ လယ်တစ်ဧက ကို မသိမသာလေး ယူလိုက်ပြီး အုတ်တံတိုင်း ခတ်ပစ်လိုက်ပါတယ်။  
ဒေါ်ဌေးဌေးဝင်း တယောက် ခရီးသွားရာကနေ ပြန်တော့မှ သူ့ခြံကြီးကို အုတ်တံတိုင်းခတ်ထားတာ တွေ့လိုက်   ရတော့ မန်နေဂျာ ၀င်းကို ကိုမေးပါတယ်။ မန်နေဂျာက ပြောလိုက်တာက နည်းနည်လိုနေတာနဲ့ ဖြည့်လိုက်ရ
တာပါတဲ့။ 
သူမန္တလေးကို ခရီးသွားနေတုန်း လယ်သမား ဦးမြဇင်ဆိုတဲ့ လူက သူ့လယ်လိုလို ဘာလိုလိုပြောပြီး မသိမသာ ထည့်ရောင်းလိုက်တာလို့ သိရပါတယ်။ ဦးမြဇင်ကို သွားပြောတော့ ခင်ဗျားကို ၁သိန်းဘဲ ပေးနိုင်မယ်လို့ ဆိုပါတယ်။
ကိုယ့်မရှိတုန်း ကိုယ့်လယ်ကို ထိုးရောင်းခံလိုက်တဲ့ ဒေါ်ဌေးဌေးဝင်း တယောက် ဘယ်သူ့ကိုတိုင်တိုင်        ၁ သိန်းနဲ့ဘဲ ကျေနပ်ခိုင်းနေတယ်လို့ဆိုပါတယ်။
ဦးမြဇင်ကတော့ သူ့လယ် ၄ဧက ကို ဘုတ်ဆုံမ ငရုတ်သီးမှုန့် ကို သိန်းလေးဆယ်နဲ့ ရောင်းခဲ့ပြီး ကျန်တဲ့   ၁၀ ဧကကို စိန်ခဲ မြခဲ ငံပြည်ရည် စက်ရုံကိုရောင်းလိုက်ပါတယ်။ အဲဒီထဲမှာ ဒေါ်ဌေးဌေးဝင်း လယ် ၁ဧက ပါသွားတာပါ။