Friday, September 4, 2015

(8)နှစ်မြောက် သမိုင်းဝင် ရွှေဝါရောင်တော်လှန်ရေးနေ့ 


၂၀၁၅-၉-၃
၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုသည် စစ်အစိုးရကြောင့် ပြည်သူများ
စားဝတ်နေရေး ကြပ်တည်း လာသောကြောင့် ပခုက္ကူ သံဃာတော်များက
မေတ္တာပို့ သပြီး လမ်းလျှောက်ကာ ပြည်သူတွေရဲ့  အခက်အခဲများကို
ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်ခဲ့ရာ စစ်အစိုးရက သံဃာနှစ်ပါးကို ဓါတ်တိုင်မှာကြိုးဖြင့်
ချီပြီး ရိုက်နှက်နှိပ်စက်ပြီး ဆန္ဒပြသံကာများကို အဓမ္မ ဖြိုခွင့်းခဲ့သည်။ ရန်ကုန်မြို့ 
သံဃာတော်များနှင့် ပြည်သူများ စစ်တပ်မှ အကြမ်းဖက်ခဲ့မှုကြောင့် အသက်ပေးခဲ့ကြရ
သည်။စစ်အစိုးရ၏ အကြမ်းဖက်မှုများက အင်တာနက်စာမျာက်နှာတွင် ပြန့် နှံသွားပြီး
မြန်မာနိုင်ငံအနှံအပြားတွင် သံဃာတော်များနှင့် ပြည်သူများက တောင်းဆိုဆန္ဒပြမှုများ
ပြုလုပ်ခဲ့ကြသည်။
၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးသည် လာမည့် ၂၀၁၅- ၉- ၂၆ ရက်နေ့ တွင် ၈ နှစ်
ပြည့်မည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းတို့ တွင် သမိုင်းဝင် ရွှေဝါ
ရောင်တော်လှန်ရးနေ့  အထိမ်းအမှတ် အခမ်းအနားများကိုကျင်းပရန် စီစဉ်နေသည်
ဟု သိရှိရပါသည်။
ထိုအပြင် သမိုင်းတွင် မေ့လို့ မရနိုင်သော ရွှေဝါရောင်တော်လှန်ရေးနေ့ သည် သံဃာ
တော်များမှ ပြည်သူများ၏ အခက်အခဲများကို မေတ္တာသက်ဝင်၍ မေတ္တာသုတ်ရွတ်ပွားပြီး
လှည့်လည်လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့သည့် သမိုင်းပုံရိပ်များသည် ယနေ့ အထိ
အမှတ်တရရှိစေခဲ့ပြီး ပြည်သူတွေ ပူဆွေးသောက မျက်ရည်ကျမဆုံးဖြစ်ခဲ့ရသည်။
သမိုင်းကို ထင်ဟပ်စေခဲ့သောအာဏာရှင်တို့ ၏ ကြမ်းတန်းရက်စက်မှုသည် ပြည်သူ့ 
ရင်ဝယ် နာကြည်းခဲပြင်းစေခဲ့ရလေသည်။
၂၀၁၅ ခုနှစ်သည် အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်စွမ်းဆောင်ပေးနိုင်သည့်
နှစ်တနှစ်အဖြစ် သမိုင်းပညာရှင်များက သုံးသပ်ကြသည့်အပြင် စနစ်တစ်ခုပြောင်း
လဲချိန်လည်း ဖြစ်သောကြောင့် စစ်မှန်သော ဒီမိုကရေစီစနစ်ကို ငြိမ်းချမ်းစွာဖြင့်
အသွင်ကူးပြောင်းနိုင်ရေးအတွက် ရွေးကောက်ပွဲတွင် လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်အား မိမိတို့ ၏ဆန္ဒကိုဖော်ထုတ်၍ မဲပေးကြရန်
လူမှုအသိုင်းအ၀န်းမှ လှုပ်ရှားမှုများ လုပ်ဆောင်နေကြသည်။
မတရားသည့် ဥပဒေများဖြင့် ဖိနှိပ့်အုပ်ချုပ်သော အာဏာရှင်ကို ဖြုတ်ချနိုင်သော
အခွင့်အရေး သည် နှစ်ပေါင်း ၅၀ ကျော်တွင် တစ်ကြိမ်သာ အခွင့်အရေးရရှိသည်
ဖြစ်သောကြောင့် အာဏာရှင်စနစ် ချုပ်ငြိမ်းရေးသည် ပြည်သူအားလုံး၏ တာဝန်
ဖြစ်ပြီး သမိုင်းကတောင်းဆိုသော တိုင်းပြည်၏ ကံကြမ္မာအလှည့်အပြောင်းကို
ပြည်သူများမှ သမိုင်းပေးတာဝန်အဖြစ် အင်အားကြီးပါတီဖြစ်သည့် အမျိုးသား
ဒီမိုကရေစီအဖွဲ့ ချုပ်ကို မဲပေး၍ ဒီမိုကရေစီအရပ်သားအစိုးရပေါ်ပေါက်လာရေး
အတွက် ကြိုးစား၍ အာဏာရှင်ကို ဆန့် ကျင်ကာ အုပ်ချုပ်ရေးနယ်ပယ်မှ
ဖယ်ရှားကြရမည်။
မြသိန်း