Friday, July 10, 2015

သမ္မတ ဦးသိန်းစိန်၏ မိန့် ခွန်း အယုံအကြည်မရှိ


၁၀-၇-၂၀၁၅
၂၀၁၂ ဦးသိန်းစိန် သမ္မတ ဖြစ်လာတည်းက ကောင်းမွန်သောအစိုးရ၊ သန့် ရှင်း
သောအစိုးရ ဖွဲ့ စည်းပုံပြင်ဆင်ရေးသည် ခေတ်နှင့်မဆီလျှော်သော ဥပဒေများကို
ပြင်ဆင်ရမည်ဟု ပြော ကြားခဲသောလည်း လက်တွေ့ မှာ ဘာတစ်မှ မပြင်နိုင်ခဲ့ပေ၊
ပြင်ဆင်နိုင်ခဲ့တာက စစ်ရေးအမြင်ရှိရမည် အစား ကာကွယ်ရေးအမြင်ရှိရမည်ဟု
သာပြင်ဆင်ခဲ့သည် (အရာကြီးနဲ့  ဘာဘူကြီး)သဘောသာရှိသည်။ စစ်သား၂၅ %
မထောက်ခံသော မည်သည့်ဥပဒေမှ ပြင်ဆင်၍မရနိုင်ပေ။ ဦးသိန်းစိန် သက်တမ်း
ကုန်သည့်အထိ ပြည်သူတွေကို လိမ်ဖို့ ကြိုးစာနေတာပါ၊
ပြည်သူတွေဟာ မျက်စိပွင့် နားပွင့်လာနေပါပြီ လိမ်တိုင်းခံမည့်သူတွေမဟုတ်ပါ။
ပြည်သူကိုသက်သေပြချင်တယ်ဆိုရင် ၄၃၆ နဲ့  ၅၉ (စ)ကို ချက်ချင်းပြင်ပြလိုက်
ဒါဆိုယုံမယ်။

ဦးသိန်းစိန်မိန့် ခွန်း
"ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီးတော့ ပြောရလို့ရှိရင် ဖွဲ့စည်းပုံ
တရပ်ဟာ ခေတ်ကာလနဲ့ အညီ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့အညီ အချိန်အခါအလိုက်
ပြင်ဆင်ရေးသားသွားရမှာဖြစ်ပါတယ်၊ ငြိမ်းချမ်းရေးဖြစ် စဉ်ကို အခြေခံဆောင်ရွက်
ရာမှာ နိုင်ငံရေးဆွေးနွေးပွဲတွေကနေတဆင့်သာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်
ရေး ကိစ္စရပ်တွေ ပါဝင်လာမှာဖြစ်ပါတယ်၊ အခုလို ဖွဲ့စည်းပုံအခြေခံဥပဒေကို
ပြင်ဆင်ဖို့ စတင်ကြိုးပမ်းခြင်းတွေက သာလျင် ကျနော်တို့နိုင်ငံရဲ့ ကြီးမားတဲ့နိုင်ငံရေး
အရွေ့တစ်ခုလို့ ကျနော့်အနေနဲ့ ပြောကြားလိုပါတယ်"

နိုင်ငံရေးအရကြည့်မယ်ဆိုရင်လည်း တိုးတက်လာတာမတွေ့ ရပါဘူး။သမ္မတ
ဖြစ်လာတော့ နိုင်ငံရေး သမားတွေကို လွှတ်ပေးလိုက်ကာ ပြန်ပြီး ဥပဒေကို
အလွဲသုံးစားလုပ်ကာဒီမိုကရေစီပညာရေး တောင်းဆိုသော ကျာင်းသား
ပြည်သူတွေကို ပုဒ်မ အမျိုးမျိုးတပ်ပြီး ပြန်ဖမ်းတာ၊ ဒီမိုကရေစီအရေးတောင်း
ဆိုတဲ့ ဦးနေမျိုးဇင်၊ကိုထင်ကျော်၊ဒေါ်နော်အုံးလှ စသည့်နိုင်ငံရေးတက်ကြွလှုပ်ရှားသူ
တွေကို ဖမ်းဆီနေတာဟာ နိုင်ငံရေးအရွေ့ တစ်ခု ရွေ့ တာမဟုတ်ဘူး နောက်ကြောင်း
ပန်နေတာဖြစ်တယ်။ကိုလုပ်တဲ့အလုပ်ဟာ အမောင်တောင်မှန်းမြောက်မှန်းမသိဖြစ်
နေတယ်။ ရွေးကောက်ပွဲနီးလာတော့မှ ပြည်သူတွေကို မလိမ်နဲ့  နဂိုထဲ
ကသိတယ် (မိဘပြည်သူများခင်ဗျာ)ဆိုပြီး ၄နှစ်လုံးလုံး ဒါနဲ့ ပဲပြီးသွားတယ်
အဖတ်တင်ဒါကနိုင်ငံတကာလှည့်ပြီး ငွေတွေချီးခဲ့တာပဲအဖတ်တင်တယ်
ပြည်သူတွေကတော့ တယောက်ကို ၅ သိန်းအကြွေးတင်နေပြီ မြန်မြန်ဆင်း
ပါတော့၊ တိုင်းပြည်ဟာ ခင်ဗျားတို့ လက်ထဲမှ အကြွေး ဘယ်လဘွနဲ့  မွဲဖို့ သာ
ကျန်တော့တယ်။ခင်ဗျာတို့ ကတော့ လေယဉ်စဉ်းလုံးဌားပြီးဆေးကုနေတယ်။
ပြည်သူ့ အကျိုးဘာတစ်ခုမှမလုပ်ခဲ့ဘူး ရွေးကောက်ပွဲမှာလည်း ပြည်သူတွေက
ခင်ဗျားတို့ အကြောင်းသိလို့  မဲထည့်မှာမဟုတ်ဘူး ဆင်ချိန်တန်ပြီ တိုင်းပြည်
နစ်နာတယ်။
မြသိန်း