Saturday, July 11, 2015

သင်္ခါရတရား လက်ကိုင်ထား၍ ပြုပြင်ပြောင်းလဲဖို့  အချိန်တန်ပြီ

၁၁-၇-၂၀၁၅
ကုသိုလ်လုပ်သူဟာ ကုသိုလ်ရသလို အကုသိုလ်လုပ်သူဟာလည်း အကုသိုလ်ရပါတယ်။
မိမိပြုလုပ်ခဲ့တဲ့ ပင်မစရိုတ်ဟာ မိမိထံပြန်လာတတ်ပြီး ကုသိုလ် အကုသိုလ်ဆိုတာ ပြုပြီးတာနဲ့ 
ပြီးသွားတာမဟုတ်ပဲ ပစ္စုပ္ပန်နဲ့  အနာဂတ်အတွက်လည်း ရေတွက်စရာ သချာင်္မရှိအောင် အကျိုးပေး
သလို ကံကြီး ၅ ပါး ပြစ်မှားကျုးလွန်ခြင်းအလုပ်ဟာလည်း အ၀ီစိအထိအကျိုးပေးပါတယ်။
ဒီအတွက် အများအကျိုးအတွက် အနာဂတ်ကိုမျှော်မှန်းပြီး သစ်ပင်စိုက်တယ်၊တံတားဆောက်တယ်၊
ပညာသင်ပေးတယ် စသည့် ကုသိုလ်တရားပွားများစေတဲ့ ထာဝရကုသိုလ်ပြုရင် မိမိသေပြီးတာတောင်
လူအများကို ကောင်းကျိုးပြုတယ်။
အများသောက်သုံးတဲ့ ရေတွင်း ရေကန် လမ်း တံတား ကျောင်း ပညာရေး လူမှုရေး တိုးတက်ရာ
တိုးတက်ကြောင်းများ အများအကျိုးကို ဟန့် တား ပျက်ဆီးအောင် ဖျက်ဆီးတဲ့သူဟာ မိမိသေပြီး
တာတောင် နှစ်ပေါင်းများစွာ ဆိုးကျိုးတွေဖြစ်စေတတ်ပြီး သံသရာကို ယုံကြည်တဲ့ ဗုဒ္ဓဘာသာဝင်
ဆိုတာ မျက်မှောက်ဘ၀ကိုပဲ မကြည့်ရဘူး။ဘ၀များစွာ သံသရာ အတွက်ကိုပါကြည့်ရတယ်။

ဗိမသာရမင်ကြီးက သားတော်တပါးမွေးဖွားခဲ့ရာ ထီးရိပ်နန်းရိပ်ကိုဆက်ခံမည့်သူဟူ ယုံကြည်၍
သားတော်လေး ငယ်ရွယ်စဉ်အခါမှာ လက်တွင်ခူနာပေါက်၍ ဝေသနာကိုက်ခဲခံစားနေရသော
သားတော်လေးကို မကြည့်ရက်နိုင်သဖြင့် ပါးစပ်ဖြင့်ငုံပြီး ပြီတွေကို စုတ်ယူခဲ့ကာ သားတော်ကြီးပြင်း
လာသောအခါ ထီးနန်းလိုချင်သောကြောင့် ဖခင်ကိုထိပ်တုံးခတ်ပြီး ခြေဖ၀ါးကို ဓါးနဲ့ ခွဲ ထောင်သွင်း
အကျင်းချခဲ့သောကြောင့် သားတော် အဇာရသတ် သေလွန်သောအခါ ငရဲပြည်မှာ နှစ်ပေါင်းများစွာ
ခံစားခဲ့ရတယ်။

နနာပိန်သူဌေးကြီးဟာ သူ့ ရှိသမျှ စည်းစိမ်တွေကို လှူဒါန်းပေးကမ်းခဲ့သဖြင့် မသေခင်ကပင်
နတ်ပြည်မှာ ဘုံပေါက်နေပြီး နတ်သမီးနတ်သားတွေက ပန်းရထားတွေနဲ့  ကြိုဆိုကြတယ်။

မြန်မာနိုင်ငံမှာတော့ နိုင်ငံတော်ရဲ့  သယံဇတတွေနဲ့  ကြီးပွားချမ်းသာလာကြတဲ့ ဗိုလ်ချုပ် ဗိုလ်မှူး
လူတစ်စုဟာ တိုင်းသူပြည်သားတွေကိုလည်းမစွန့် ကြဲ ရသထက်ရအောင် လောဘ မောဟ
တွေတက်ပြီး ရှိသမျှလယ်ယာမြေတွေသိမ်း စီးပွားရေးလုပ်ငန်းတွေလည်းအကုန်ယူ တိုင်းပြည်
အတွက် အလုပ်လုပ်တဲ့ နိုင်ငံရေးသမားတွေကိုဖမ်း ပညာရေး၊လူမှုရေး၊အလုပ်သမား လယ်သမား
တွေကိုလည်း ဖိနှိပ့်ချုပ်ချယ်နဲ့  ဒီနိုင်ငံမှ မဆင်းရဲရင် ဘယ်နိုင်ငံဆင်းရဲမလဲ၊ အာဏာကြတော့လဲ
မလွဲပေးချင် ဥပဒေကြတော့လည်းမပြင်ချင် ရွေးကောက်ပွဲမှာလည်း မဲစာရင်လိမ်ပြီး မဲခိုချင်နဲ့ 
ဒီလူတွေမှ ငရဲမရောက်ရင် ဘယ်သူရောက်မှာလဲ ခုလုပ်ထိမှအမိတဆိုသလို လုပ်ဖော်ကိုင်ဘက်
တွေကို ငါကိုပြစ်မထားကြပါနဲ့ တဲ့ သူသွားမဲ့လမ်းကိုတောင် ဖြောင့်ဖြောင့်မသွားဘူ ပြန်ပြီးပြည်
သူတွေကို ဒုက္ခပေးချင်သေးတယ်။အနိစ္စ ဒုက္ခ အနတ္တ အမြဲမရှိ သေခြင်းတရားကိုမည်သူမျှမလွန်
ဆန်နိုင် သဝေဂရပြီး ရှိတဲ့ငွေတွေအားလုံးကို နိုင်ငံတော်အတွက် လှူလိုက်ပါလား ကုသိုလ်လေး
တော့ပါသွားအုံးမယ်။

နောင်လာနောက်သား စစ်ဗိုလ်များတို့  မိမိတို့ ၏ ကိုးကွယ်ရာ အားထားရာဖြစ်သော ဆရာကြီး
တပါးတော့ သူ့ အကုသိုလ်နဲ့ သူ လောဘကြီးပြီး မိုက်တွင်းနက်ခဲ့လို့  ပြည်သူတွေက မေတ္တာပို့ 
နေကြပြီ ကျန်ရစ်သူ ဗိုလ်ချုပ်များ ပြည်သူ့ မေတ္တာဆူးရှလေသော သင်လည်းဒီလိုဒုက္ခခံရပေမည်။
တိုင်းပြည်ကောင်းကျိုးသင်သည်ပိုးလော တပ်မတော်ဖခင် ဗိုလ်ချုပ် အောင်ဆန်း မှာကြားသက်ဝင်
ရှိခဲ့စဉ်က (တပ်မတော်သည် တိုင်းပြည်အတွက်ဖြစ်ရမည် တိုင်းပြည်သည် တပ်မတော်အတွက်
မဖြစ်ရ) လို့  မှားကြားခဲ့လေသည်။ သင်တို့ တပ်မတော်သည်လည်း အချိန်မနှောင်းသေး တိုင်းပြည်
အတွက် လိုအပ်တာတွေ ပြင်ဆင်ပြောင်းလဲသင့်တာတွေကို တိုင်းပြည်နှင့် ပြည်သူ့ အကျိုးအတွက်
ဆောင်ရွက်သင့်လေပြီ တပ်မတော်ဟာ အနာဂတ်မှာ ပြုပြင်ပြောင်းလဲကာ ပြည်သူချစ်သော
တပ်မတော်ဖြစ်အောင် ကြိုးစားကြလေတော့ သမိုင်းတခေတ်မှတ်တမ်းတင်ခဲ့ရလေမည်။

မြသိန်း