Saturday, May 23, 2015

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် ခရီးစဉ်စတင်

















၂၃-၅-၂၀၁၅
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်သည် ကချင်ပြည်နယ် ပူ တာအိုမြို့သို့ 
မေလ ၂၃ ရက်တွင် သွားရောက်ကာ လူထုဟောပြောပွဲပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။

‘‘၂၃ ရက်နေ့ ရောက်ပြီး ညမှာ လူမှုအဖွဲ့အစည်းဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး 
ညစာစားမယ်။ ပြီးတော့ ၂၄ ရက်မှာ လူထုဟောပြောပွဲလုပ်မယ်’’ဟု ကချင်ပြည်နယ် မြစ်ကြီးနား
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွင်းရေးမှူးဦးကျော်ကျော်ဦးက မေလ ၁၉ ရက်တွင် ပြောထား
သည်။