Monday, March 16, 2015

လက်ရှိပြည်ထဲရေးဝန်ကြီး ဦးကိုကို နဲ့ ရဲချုပ် ဦးဇော်ဝင်းတို့ကို တရားစွဲဆိုရန်ပြင်ဆင်


 ၁၆-၃-၂၀၁၅
လက်ရှိပြည်ထဲရေးဝန်ကြီး ဦးကိုကို နဲ့ ရဲချုပ် ဦးဇော်ဝင်းတို့ကို တရားစွဲဆိုဖို့ စတင်ပြင်ဆင်နေကြပါပြီ။
လက်ပံတောင်းအကြမ်းဖက်ဖြိုခွင်းမှုမှာ ဖော့စ်ဖောရပ် မီးလောင်ဗု့းသုံးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရမှုတွေအတွက် လက်ပံတောင်းအကြမ်းဖက်ဖြိုခွင်းမှုမှာ အများဆုံးဒဏ်ရာ ရခဲ့တဲ့ ဆရာတော် ဥူးတိက္ခဉာဏ နဲ့ ဆရာတော် ဥူးဝိသုဒ္ဓ တို့က တရားစွဲမှာပါ။
တရားစွဲမှုကို ရှေ့နေများကွန်ရက်ကကူညီမယ်လို့သိရပါတယ်။လက်ရှိမှာတော့ အပှုစွဲဆိုရန် ဆားလင်းကြီး ရဲစခန်းမှာ အမှုဖွင့် တိုင်ထားပြီး လက်ခံခြင်းရှိ မရှိကိုတော့ ရဲစခန်းက အကြောင်းမပြန်သေးပါဘူး။အမှုကို လက်မခံရင်တော့ ရှေ့နေချုပ်ရုံးကို တိုက်ရိုက်တင်သွားမယ်လို့ ရှေ့နေ ကွန်ရက်က ရှေ့နေ ဦးအောင်သိန်းကဆိုပါတယ်။


ကိုဝိုင်ဝိုင်ကေ